အချစ်လား၊ မဟုတ်ပါ။

580 116 4
                                    

- ချစ်ခဲ့ပါသလား။

- စိုးစဥ်းမျှ မချစ်ခဲ့ပါ။

× × ×

ဂျူဟျွန်း၏ဝမ်းဗိုက်သည် အချိန်ကြာလာသည်နှင့်အမျှ ပိုမိုလုံးဝန်းကာ ရင်​သွေးငယ် ကျန်းမာလျက်ရှိ​ကြောင်း သက်​သေပြလျက်ရှိသည်။

မျက်မြင်မ​​တွေ့ရ​သေး​သော်ငြား ထိုက​လေးငယ်ကို စာ၊ ကဗျာများ ဖတ်ပြမိသည်။ စကား​တွေ​ပြောမိသည်။ တိုင်ပင်မိတာ​တွေရှိသည်။ ​မျှော်လင့်မိတာ​တွေရှိသည်။ ကဗျာရယ် စာရယ်ဆိုမှ ဆူးလ်ဂီ​ရေး​သော ကဗျာလိုလို စာလိုလိုကို အမှတ်ရလိုက်​သေးသည်။

သူ ဘယ်​ရောက်​နေသလဲ။ ဂျူဟျွန်းမသိပါ။ ထားခဲ့မိသည်ကို ရံဖန်ရံခါ ကိုယ့်ကိုယ်ကို အပြစ်တင်လို​ပေမယ့် သူ မရှိခြင်းက ပို၍​ကောင်းမည်ဖြစ်​ကြောင်း အတူရှိလာခဲ့​သည့် နှစ်​ပေါင်းများစွာကို ​ကျော်လွန်ပြီးမှ သိလာခဲ့သည်။

သို့​ပေမယ့်လည်း အပြစ်မတင်ရက်။ သူ့ဘဝတွင်လည်း သူ့နာကျင်မှုနှင့်သူ။ မိမိက ဝင်​ရောက်ခံစား​ပေးပါမယ် ဆိုရင်​တောင် သူခံစား​ရတာကို မှီလှမ်းနိုင်မှာမဟုတ်။

ဆိုးချင်လည်း ဆိုးပါ​စေ​တော့။ ဒီထက်ကြီး​​သော အဆိုးများကို မလုပ်ရင်သာ ဂျူဟျွန်း​ကျေနပ်ပြီ။

ဤသို့အားဖြင့် ဂျူဟျွန်းသည် ဆူးလ်ဂီကို မိမိက​လေးသဖွယ် မိမိ​သွေးသားသဖွယ် ခင်မင်တွယ်တာခဲ့ပါ​သော်လည်း သူ့အ​​တွေးတို့ကမူ ​ကြောက်စရာ​ကောင်းလွန်း​နေပြန်သည်။

လိုက်၍မမှီနိုင်​သော နှလုံးသား၏ ​ထောင့်များတွင် အမုန်းတရားတို့ ခိုကိန်း​အောင်း​နေသည်ကို ဂျူဟျွန်းခံစားလို့ရသည်။ ထိုအမုန်းသည် တစ်​နေ့တွင် သူ့ကို​ပျက်စီး​စေလိမ့်မည်ဟုလည်း ပူပန်ခဲ့​သေးသည်။ ထို့​ကြောင့် ဆွဲမိဆွဲရာ ​ကောက်ရိုးတစ်မျှင်ကို ဆွဲခဲ့ခြင်းသာ။

သို့​သော်ငြားလည်း ဂျူဟျွန်း သူ့ကို​ကြောက်ပါသည်။

"မယ်​တော်"

မဟုတ်ပါ.. အသံကိုမကြားရပါ။ ဒီအရာများသည် အိပ်မက်သာသာ။

"မယ်​တော်၊ ကျွန်မ ပြန်​​ရောက်လာပြီ​လေ"

စိတ်Where stories live. Discover now