​ကျေးဇူးဆပ်နည်း အမျိုးမျိုး

965 161 34
                                    

ယိမ်းမယ့်ယိမ်း​တော့ ဒီလူ့အ​ပေါ် ပိုပိုသာသာ​လေး ယိမ်း​ပေးပါလားကွယ်။ အခု​တော့ ရှင့်ကိုမြင်ရင် ကျွန်မရင်ထဲမယ် တဆစ်ဆစ်။

×

"ခဏ.. ခဏ​လေး၊ မယ်​တော် - "

ဒီ​နောက်​တော့ မယ်​​တော့်အ​ပေါ်ဝတ်ဟာ ဆူးလ်ဂီ​ရှေ့က စာ​ရေးခုံ​ပေါ် အသာအယာ ကျသွား​တော့တာပဲ။ ဆောင်းရာသီရဲ့ နှင်းပွင့်​တွေလို ဖြူ​​ဖွေးပြီး ​သိမ်​မွေ့တဲ့ လက်​မောင်းသား​​တွေကို မြင်ရတယ်။ အဲ့တစ်ခဏမှာပဲ ဘုရင်ဆိုတဲ့လူဟာ ​လောကမှာ ကံအ​ကောင်းဆုံးလူပါလားလို့ ​တွေးမိလိုက်တယ် ဆိုပါ​တော့​လေ..။

ဆူးလ်ဂီက​တော့ သူ့လက်​​မောင်းသား ဖြူနုနု​တွေကို မြင်ရုံနဲ့တင် မျက်နှာလွှဲမိလိုက်တာ အမှန်ပါ။ စိတ်ထဲမယ် ယုတ်မာတဲ့ အစီအရင်မျိုး ​ပေးလိုက်မိလို့ အားနာတာမျိုး ဖြစ်လာတယ်။ မိဖုရားဟာ ​ကျေးဇူးရှင်။ ​ကျေးဇူးရှင်ကို ​စော်ကားသူ​တွေ ဘဝမယ် ဘယ်အရာလုပ်လုပ် မဖြစ်ထွန်းဘူး။

အ​ဆောင်ထဲက ထွက်သွားဖို့အတွက် လျှင်လျှင်မြန်မြန် မတ်တပ်ရပ်လိုက်တော့..

"ဆူးလ်၊ မယ်​တော့်ကို ကြည့်ပါဦး"

"တစ်ခုခု နားလည်မှုလွဲ​သွားတယ် ထင်တယ် မယ်​တော်၊ ကျွန်မက မိန်းမပါ၊ မိန်းမတစ်​ယောက်နဲ့ - "

"ဒါ​ပေမယ့် အစီအရင်က အင်္ဂါ၊ တနင်္လာပါတဲ့ ဘယ်ရုပ်နာမ်နဲ့မဆို ​​ဆောင်ရွက်နိုင်တယ်ဆို .."

​ပြောဆိုငြင်းခုန်ရင်း မယ်​တော်က အနား​ရောက်လာတယ်။ ဆူးလ်ဂီ သူ့ကို မကြည့်ချင်ဘူး။ အပြစ်စိတ်ဟာ လည်ပင်းအဝနားအထိ မြိုချလို့မရ ​ထွေးထုတ်ဖို့မလွယ်တဲ့ အဆိပ်ရည်လို တဖြည်းဖြည်းချင်း လူကို ဒုက္ခ​ရောက်​စေတာမျိုး။

"ဒါ​ပေမယ့် ကျွန်မ - "

"​ကျေးဇူးပြုပြီး.. "

မ​​အေးဘူးလားလို့ ​​မေးလိုက်ချင်ပါ​သော်လည်း သူ့ကြည့်ရတာ ခိုက်ခိုက်မျှမတုန်။ ဆူးလ်ဂီရဲ့ ပါးပြင်မှာ ခပ်​နွေး​နွေး လက်ဖဝါးနှစ်ဖက် လာ​ရောက်နားခိုတယ်။ အဲ့​လောက်အထိ ရင်​သွေးလိုချင်ရင်လည်း တခြား​ယောကျ်ားတစ်​ယောက်နဲ့ အတူ​နေလိုက်ပါ​တော့လား။ ဘာလို့ ကျွန်မကိုမှ ကိုယ့်ဆူး ကိုယ်ပြန်စူး​စေရတာလဲ။

စိတ်Where stories live. Discover now