အစုအပြုံလိုက်ဆိုးတဲ့ ကံ။

878 168 14
                                    

လူ​တွေအကုန် ဒီအချိန် ဒီကာလ ဒီ​နေရာမှာ ဒီ​ကပ်ဆိုးတစ်ခုတည်းနဲ့ပဲ ​သေဆုံးရတယ်ဆိုကတည်းက သူတို့ရဲ့ ကံကြမ္မာကို ​တွေးကြည့်​ပေါ့​လေ။

×

မြို့​တော်တံခါးရဲ့ အပြင်ဘက်မယ် အ​လောင်း​တွေ ​တောင်ပုံယာပုံ။

တစ်ချို့ကျ လုံးလုံးလျားလျား ​သေဆုံးပြီး တစ်ချို့က အသက်ငင်​နေသူ​တွေ။ သူတို့​တွေရဲ့ကြားထဲမှာ ဖြူ​ဖျော့​ဖျော့အဆင်းနဲ့ ရှိုက်ကြီးတငင် ငိုယို​နေသူ​​တွေ ရှိပြန်တယ်။

ခဏ​နေ​တော့ ဒီလူ​တွေထဲက ထပ်​​သေလိုက်၊ လူ​တွေ ပိုဖြူ​ဖျော့လာလိုက်နဲ့ သံသရာလည်​နေသလိုပါပဲ။

"မင်းကြီးဘုရား..!

ကျွန်​တော်မျိုးတို့မှာ ဘာအပြစ်ရှိလို့ အခုလိုမျိုး မိုး​ကောင်းကင်ရဲ့ လျစ်လျူရှုခံထားရတာပါလဲ!!

ဘဝကို တိုင်းပြည်နဲ့ မိသားစုအတွက် အ​ကောင်းဆုံးကြိုးစား​နေထိုင်သလို အခွန်အခ​တွေကိုလည်း ​- အဟွတ်! အဟွတ်! "

တိုင်တည်လိုက်၊ လဲကျသွားလိုက်။ ​နေ့တိုင်းနီးပါး ကြား​နေရတဲ့ ဆု​​တောင်း​မေတ္တာ သစ္စာကျိန်ဆိုမှု​တွေ။

"မိဖုရားတို့ဆီက ဘာမှသတင်းမထူးဘူးလား! "

ဝတ်ရုံနီဟာ ဒီ​နေ့ကျမှ ​ဒေါသ​တွေနဲ့ ဝဲ​နေသလို ခံစားရတယ်။ ညီလာခံမယ် ရာထူးမစုံမလင်။

"မှန်ပါ မင်းကြီး၊ အ​ထောက်​တော်လွှတ်လိုက်တဲ့ ရဲမက်​မောင်ဟာလည်း လမ်းခရီးမှာ ကပ်​ဘေးဒဏ်ကို မ​ကျော်လွန်နိုင်ဘဲ အသက်ဆုံးရှုံးသွားရ​ကြောင်းပါ"

"ဒါဆိုရင် တခြားတစ်ဦးကို ထပ်လွှတ်ရမယ်! ဒီလမ်းက ​သေလမ်းဆိုရင် မ​သေလမ်းကို ​ရွေးရှာသွားရမယ်! မင်းတို့​တွေအကုန် ဘာလုပ်​နေကြတာလဲ!!"

"မှန်ပါ မင်းကြီး၊ ကျွန်​တော်မျိုး​ တပ်သားတစ်ဦးကို အ​ရောက်သွားခိုင်းပါမယ်"

လူ​တွေ​သေ​နေတာ ရက်တိုင်း၊ အပတ်တိုင်း။ ဒါ့အပြင် မိသားစုကိုစိတ်ပူလို့ အိမ်​ဆောင်​​ကိုပြန်တဲ့ အမတ်​နဲ့ အရာရှိတစ်ချို့​တောင် ပြန်မလာနိုင်ကြ​တော့။

စိတ်Where stories live. Discover now