ချစ်ပုံချစ်နည်း မတူတာမျိုး။

724 142 26
                                    

ချစ်လို့​ပြောရင် ဘယ်သူ့အရင်ဆုံး​ပြေးမြင်လဲ။

အဲဒီလူကို​ပေါ့.. အဲဒီလူကို။

×

"ဆူးလ်၊ မယ်​တော်တို့ရဲ့ အစီရင်က ဘယ်​တော့​လောက်မှ အစွမ်းပြမယ်ထင်လဲဟင်"

​မေးခွန်းကိုကြား​တော့ မယ်​တော့်​လက်​မောင်းကို ဖွဖွက​လေး ထိ​တွေ့​နေတဲ့ ဆူးလ်ဂီလက်​တွေ ရပ်တန့်သွားတယ်။

"ဘာလို့လဲ၊ မယ်​တော်ပြန်ချင်ပြီလား၊ ကပ်​တွေလည်း ဆိုး​နေဦးမယ်ထင်တယ်"

"အဲ့လိုရယ်​တော့ မဟုတ်ပါဘူး၊ ဒါ​ပေမယ့် ပြည်မှာဘာ​တွေဖြစ်​နေပြီလဲဆိုတာ တို့နှစ်ဦး ဘာမှမသိရဘူး​လေ၊ လူ​တွေ ​​ကောင်း​ကောင်းမွန်မွန် ရှင်သန်​နေကြရဲ့လား၊ က​လေး​တွေ ကျန်းမာရဲ့လား ​နောက်ပြီး.."

​နောက်ပြီး ဘုရင်​ရော ​နေထိုင်​ကောင်းရဲ့လားဆိုတာကို မယ်​တော်သိချင်​နေတယ်။ ​သေချာ​ပေါက် ဆူးလ်ဂီလုပ်ရပ်​တွေ​ကြောင့် ​နေမ​ကောင်းနိုင်ဘူးဆိုတာ သိ​ပေမယ့် ​ပြောမထွက်။

"အစစအရာရာ အဆင်​ပြေလို့ မယ်​တော့်ကို​ အ​ခေါ်မလွှတ်တာဖြစ်မယ်"

"အကယ်၍ ဆူးလ်ဂီသာ မင်းကြီး​နေရာမှာဆိုရင်​ရော မယ်​တော့်ကို နန်း​တော်ဆီပြန်လာဖို့ ​ခေါ်မှာလား"

ဘယ်လို​ကြောင့် ခေါ်ရက်မလဲကွယ်။

လူ​တွေဒီ​လောက် ​သေ​ကြေ​နေကြတာလို့ စိတ်ထဲက​ဖြေလိုက်ပြီးမှ မယ်​တော့်​မေးခွန်းရဲ့ အဓိပ္ပါယ်အစစ်ကို နားလည်တယ်။

"အဲဒီ​လောက်​တောင် ချစ်​နေတာလား မင်းကြီးကို"

မယ်​တော်က ချက်ချင်းမ​ပြေ။ လက်​မောင်း​ပေါ် ​ခေါင်းတင်ကြိမ်းစက်​နေရာမှ ဆူးလ်ဂီမျက်နှာကို ​မော့ကြည့်တယ်။

"မင်းကြီးကို ဘယ်​လောက်အထိ မုန်း​နေလဲ ဆူးလ်ဂီ"

"ကျွန်မ မုန်း​နေတယ်လို့ မယ်​တော်က ဘာလို့ထင်တာလဲ"

စိတ်Where stories live. Discover now