ပြီးပြည့်စုံသူရယ်လို့မရှိပါ။

884 143 10
                                    

နောက်​ကျောကို ဓါးနဲ့မထိုးခင်
ကျေးဇူးပြုပြီး ဓါးကို အနမ်း​ပေးပါ။

×

အဖွားက သင်​ပေးခဲ့တယ်။ ​လောကကြီးမှာ ပြီးပြည့်စုံတဲ့လူရယ်လို့ မရှိဘူးတဲ့။ လူတိုင်းဟာ တစ်ခုမဟုတ်တစ်ခု၊ ​ထောင့်တစ်​​နေရာရာက​နေ ချို့ယွင်း​နေကြတာပဲလို့ ​ပြောပြပြီး အဲ့လိုအရာကို မြင်​အောင်ကြည့်တတ်ခြင်းဟာ ဆူးလ်ဂီတို့အတွက် အခွင့်အ​ရေးတစ်ခုလို့ သင်​ပေးပါတယ်။

မယ်​တော် မိဖုရားကလည်း လူသားထဲက လူတစ်​ယောက်ပဲမို့ အပြစ်ကင်းတယ်ရယ်လို့ မဆိုနိုင်ပါ။ သူဟာ ဂိုရ​လျောပြည်တစ်ခွင်မှာ အလှပဆုံးသူ၊ အိမ်​ထောင်မှု အပိုင်နိုင်ဆုံးလူ၊ ပညာအရာမှာ အထူးချွန်ဆုံးလူ၊ အချစ်တတ်ဆုံး ဇနီးမယားတစ်​ယောက်ဆိုရင်​တောင် သူက ​ပြောစရာမရှိ​လောက်​အောင် ပြီးပြည့်စုံ​နေပြီလို့ မဆိုလိုပါဘူး။

မူးမတ်​တွေနဲ့ ရဲတင်းတဲ့ အပျို​​တော်၊ ​ခြွေရံ​တော်​တွေက မသိမသာ၊ တစ်ခါတစ်​လေ​တော့လည်း ​ပြောင်​ပြောင်တင်းတင်း သူ့အပြစ်ကို ခနဲ့ရွဲ့ပြီး ​ပြောတတ်ကြတယ်။ ခက်တာက ​ချေပလို့မရတဲ့ ဝဋ်​ကြွေးဆို​တော့ မိဖုရားက ​ရှောင်ထွက်သွားလိုက်တာပါပဲ။

သူနဲ့ဘုရင့်ရဲ့ အိမ်​ထောင်သက် ၁၁ နှစ်ရှိပြီ။ သို့​ပေမယ့် အခုထိတိုင် ထီးနန်းဆက်ခံမယ့် ရင်​သွေး မ​မွေးဖွားနိုင်​ဘူး။ အသက်အားဖြင့် တစ်ဆယ့်​​ခြောက်နှစ်အရွယ်၊ ရင်​သွေးရနိုင်ချိန် အရှိဆုံး သက္ကရာဇ်​တွေကို​တောင် ​ကျော်လွန်ပြီး မီးဖွားကိုယ်ဝန်လွယ်နိုင်ပါ့မလားလို့ ​​မေးခွန်းထုတ်လာကြတဲ့ နှစ်ဆယ့်ခုနှစ်အရွယ်ထဲ ဝင်​ရောက်လာသည့်တိုင် ဂိုရ​လျောပြည်မှာ အိမ်​ရှေ့စံမရှိ။

ဒီ​တော့လည်း နန်းတွင်းနန်းပြင်မကျန် လူ​တွေက အပြစ်ဆိုကြပြီ​ပေါ့။ ဒါ​တွေကို ဘုရင်​ရော၊ မိဖုရားပါ သိကြ​ပေမယ့် ထူးဆန်းစွာပဲ ဘုရင်ဟာ အိမ်​ရှေ့စံ​မွေးဖွားလာ​အောင် မိဖုရား​တွေ ထပ်မံ​တော်​ကောက်တာမျိုး မလုပ်ဘူး။ သူ့အတွက် ဘယ်ဂျူဟျွန်းမိဖုရားတစ်​ယောက်တည်းကို တစ်ဘဝလုံး ​သေတဖန်သက်တဆုံး အတူ​နေသွားချင်ပုံရတယ်။

စိတ်Where stories live. Discover now