အိပ်မက်ကနိုးတဲ့အခါ သူ မရှိတော့ဘူး။

661 118 35
                                    

အချိန်အတော်ကြာ မက်လာခဲ့တဲ့ အိပ်မက်တစ်ခု နှောင့်ယှက်ခံရတဲ့အခါ ဘယ်လိုတုံ့ပြန်တတ်လဲ။

ချစ်တဲ့သူဆို ငိုယိုတတ်ပြီး မချစ်သူဆို နှုတ်ဆက်တတ်တယ်။

* * *

ဂျူဟျွန်း မင်းကြီးကိုလက်ထပ်တော့ အသက်ရယ်ဖြင့် တစ်ဆယ့်ခြောက်နှစ်။ မင်းကြီးက မရယ်မပြုံး။ တာဝန်ဝတ္တရားတစ်ခုကို တစ်ဘဝလုံးစာ သယ်ဆောင်သွားသလို ဂျူဟျွန်းကို လက်ထပ်သည်။ သူ့အနေဖြင့် ချစ်ပြခြင်းမျိုးလည်းမရှိ။ သူ့ဖောက်ပြန်ရေးရာများကိုလည်း အားနာစိတ်ဝင်ခြင်းမျိုး မရှိပြန်။

တိုင်းပြည်ကို ဂရုစိုက်တယောင်ယောင်နှင့် အရေးကြုံလျှင် ကိုယ်တိုင်သွားဖြေရှင်းမည်ဆိုသော မင်းကြီးသည် သူမ၏ မျက်ကွယ်ကိုရောက်လျှင် အခြားမိန်းမများနှင့် အတူနေသည်။ သူ့အလိုဆန္ဒကို ကြည်ဖြူစွာ လက်ခံပေးရန် အသင့်ရှိနေပါသော ဂျူဟျွန်းရင်ခွင်ကို စုံကန်ရက်သည်။ သို့သော် အပြစ်မတင်ရက်။

ဤသို့ တစ်စက်ကလေးမှ မိမိအပေါ် ကြင်နာမှုမရှိပါသော အမျိုးသားတစ်ယောက်ကို အပြစ်မတင်နိုင်စွာ ရူးရူးမိုက်မိုက် ချစ်နေခြင်းသည် ကံတရား၏ လှည့်စားမှုပေပဲလား။ တစ်ဦးတည်း အိပ်စက်ရသော ညဥ့်နက်တွေဆို ဂျူဟျွန်း ကိုယ့်ကိုယ်ကို ပြန်မေးမိသည်။

"ငါ့အပေါ် ရေပွက်ကလေးလောက်တောင် မေတ္တာမရှိတဲ့ ဒီလူကိုမှ ဘာကြောင့် ချစ်နေရတာလဲ"

အဖြေမရှိပါ။ ထိုအခါ အချို့လူများသည် လောကကြီးတွင် ချစ်နေပေးရုံသက်သက် မွေးဖွားလာရကြောင်း လက်ခံယုံကြည်မိသည်။

မင်းကြီးအပေါ် ထား‌ရှိသော ချစ်ခြင်းမေတ္တာများက တစ်သွေမတိမ်း ဖြူစင်နေသည်ဟုလည်း ဂျူဟျွန်း မဆိုလို။

အိမ်ထောင်ပြုစဥ်က တစ်ဆယ့်ခြောက်နှစ်သာ အရွယ်ရှိသေးသော မိန်းကလေးသည် သူစိမ်းယောကျ်ားတစ်ဦးနှင့် ရင်းနှီးချိန်ပင် မရလိုက်ဘဲ အတူနေလိုက်ရခြင်းက အပြစ်ဆန်သော အထိအတွေ့များကို မက်မောသွားစေသည်။

ဘုရင်သည် ဂျူဟျွန်းကို မူးမေ့လဲသည်အထိ အသုံးပြုခဲ့ခြင်းကိုမှ ဂျူဟျွန်းကလည်း အမှတ်လွဲစွာ လိုချင်တောင့်တနေမိသည်။ ထိုအရာ.. ထိုအရာ..။ သူမရဲ့ ပထမဆုံးအကြိမ်။

စိတ်Where stories live. Discover now