* အခန်း ၁၁ * U

6.8K 595 20
                                    

နေဝေးသည် ဒေါသစိတ်ကို မထိန်းနိုင်လို့ မိုးသက်ငြိမ်ရဲ့ပါးပြင်ကို လက်ဝါးစောင်းနဲ့ ရိုက်ချပစ်ခဲ့သည်။ ကော်ရစ်တာမှာ ဖြစ်သွားခဲ့တာမို့ ကျောင်းသားတချို့လည်း မြင်သွားကြသည်။ နေဝေးနှင့် မိုးသက်ငြိမ်ကို စူးစမ်း‌သောမျက်လုံးများနဲ့ ချောင်းကြည့်နေကြတာမို့ နေဝေးလည်း လမ်းကိုဖြည်းဖြည်းလျှောက်ကာ အဲ့ဒီနေရာက ထွက်လာလိုက်သည်။

ဒီနေ့ အမေက ဘူတာရုံမှာ ဈေးလာရောင်းဖို့ ရှိသည်။
အမေ နေကောင်းတဲ့ရက်ဆိုရင် ဘူတာရုံမှာ ဈေးလာရောင်းပေးတတ်သည်။ နေ့လယ်ကျောင်းဆင်းတာနဲ့ နေဝေးကလည်း ဘူတာရုံမှာ အမေ့ကို သွားကူပေးတတ်သည်။ နေဝေးသည် လွယ်အိတ်ကိုလွယ်ကာ ဘူတာရုံထဲကို ရောက်လာသည်။ အမေက ခွေးခြေပုလေးပေါ် ဈေးဗန်းကိုတင်ကာ မုန့်လက်ကောက်ကြော်တွေ လာရောင်းနေသည်။

"အမေ"

"သား ကျောင်းဆင်းလာပြီလား"

"ဟုတ်၊ အမေ့ကို လာကူပေးတာ"

"ကဲပါ မေ့သားလေး ထမင်းအရင်စားလိုက်ဦး"

"ဟုတ်၊ ဘာဟင်းချက်လဲ အမေ"

"ဟင်းကောင်းပါတယ် သားရဲ့၊ သားကြိုက်တဲ့ ပဲငပိ လေးကို ငရုတ်သီးစပ်စပ်လေး ကြော်လာပေးတာ၊ သခွားသီးပါ ပါလာသေးတယ်၊ ပဲငပိကြော်နဲ့ တို့စားရအောင်"

"ဟုတ် အမေ၊ ဟင်းက အရမ်းကောင်းတာပဲ၊ ကျွန် တော်ကြိုက်တယ်"

အမေသည် ဖျော့တော့နေသော မျက်နှာမှာ အလှဆုံးသောအပြုံးကို ပြုံးပြလာသည်။ လက်သုတ်ပုဝါနဲ့ ပတ်ချည်ထားသော ထမင်းဘူးလေးကို နေဝေးရဲ့လက်ထဲကို ထည့်ပေးလာသည်။ နေဝေးသည် လက်သုတ်ပုဝါကို ဖြည်ချပြီး ထမင်းဘူးကိုဖွင့်ကြည့်လိုက်သည်။ ဟင်းထည့်ထား‌သော အကန့်ထဲမှာ အနီရောင်သမ်းနေသော ပဲငပိကြော်နှင့် သခွားသီးစိတ်တွေကို မြင်‌တွေ့ရသည်။ နေဝေးအတွက်က အမေပြောသလို ဟင်းကောင်းပါပဲ။

"အမေ့လက်ရာ အရမ်းကောင်းတာပဲ၊ ကျွန်တော် စားပစ်လိုက်တာ ထမင်းလုံးတစ်စိတောင် မကျန်ဘူး"

"အင်း၊ မေ့သားလေး ထမင်းစားကောင်းတော့ အမေ စိတ်ချမ်းသာတာပေါ့၊ မုန့်လက်ကောက်​လေးပါ တစ်ခုယူစားလေ သား"

ရှေးရေစက်ကြောင့် ချစ်လက်စကျန်တယ် [Completed]Donde viven las historias. Descúbrelo ahora