မနက်ဖြန်က ဝါဆိုလပြည့် ဓမ္မစကြာနေ့မို့ ကျောင်းမှာ ဝါဆိုပွဲ ကျင်းပဖို့ ရှိသည်။ လပြည့်နေ့မရောက်ခင် တစ်ရက်အလိုမှာ ဆရာ၊ ဆရာမများ ဦးဆောင်ပြီး ကျောင်းသားများက ကိုယ့်အဖွဲ့နှင့်ကိုယ် ဝါဆိုပန်းခူး ထွက်ရသည်။ စမ်းချောင်းတစ်လျှောက် အလေ့ကျ ပေါက်နေတဲ့ ပန်းတွေရယ်၊ တောင်ပေါ်မှာ အလေ့ကျ ပေါက်နေတဲ့ ပန်းတွေရယ်ကို ရှာခူးပြီးတော့ ဝါဆိုလပြည့်နေ့အတွက် ဝါဆိုပန်းခူး ထွက်ကြရသည်။
ဝါဆိုပန်းခူးထွက်ပြီး ရရှိလာသော ဝါဆိုပန်းတွေနဲ့ ဝါဆိုလပြည့်နေ့မှာ ဘုရားကို ကပ်လှူကြသော ဓလေ့က ရိုးရာအစဥ်အလာဖြစ်သလို ကျောင်းသားတွေကို
အသင်းအဖွဲ့နဲ့ စည်းစည်းလုံးလုံးရှိစေချင်တာကြောင့် ဆရာ၊ ဆရာမများ ဦးဆောင်ပြီး ဝါဆိုပန်းခူး ထွက်ပေးတတ်ကြသည်။ ဒီအစီအစဥ်က ပျော်စရာလည်း ကောင်းသလို ကျောင်းသားများက နှစ်သက်ကြတာမို့ ဝါဆိုပန်းခူးထွက်ရင် မလိုက်ချင်တဲ့ ကျောင်းသားဆိုတာ မရှိသလောက်ကို ရှားသည်။ဝါဆိုပန်းခူးထွက်ဖို့ ကြီးကြပ်ပေးသည့် ဆရာမများက ကျောင်းသားတွေ စည်းကမ်းတကျဖြစ်စေဖို့ နှစ်ယောက်တစ်တွဲစီ တွဲခိုင်းသည်။ နေဝေးက ရာမညနဲ့ တွဲလိုက်သည်။ မင်းချမ်းကိုက မင်းဗညားနဲ့ တွဲလိုက်တာမို့ မိုးသက်ငြိမ်က အတွဲမရှိဖြစ်သွားရသည်။ A ခန်းမှာ ကျောင်းသားအရေအတွက်ကလည်း ၂၇ ဦးဆိုတော့ အားလုံးက နှစ်ယောက်တစ်တွဲစီ တွဲလိုက်ကြတဲ့အခါ မိုးသက်ငြိမ်က အဖော်မဲ့သွားရသည်။
"ဝေး.. ငါနဲ့ တွဲရအောင်လေ"
"ကျွန်တော်က ဒီမှာ မညနဲ့ အတွဲရနေပြီလေဗျာ၊ ခင်ဗျားက ကိုယ့်ဘာသာ အတွဲရှာပါလား"
"ငါ့တစ်ယောက်တည်း ဖြစ်သွားလို့လေ၊ အဲ့ဒါဆိုလည်း မတတ်နိုင်ဘူး၊ သုံးယောက်တွဲကြမယ်"
"မြင်ယောင်နေပါပြီ၊ ခင်ဗျားတော့ မညကို အနေခက်အောင် လုပ်တော့မယ်"
"ငါက ဘာလုပ်နေလို့လဲ၊ သူ အနေခက်ရင် ငါတို့နဲ့ မတွဲနဲ့ပေါ့၊ သူ့ဘာသာ တစ်ယောက်တည်း သွားနေ"
"ခင်ဗျားဟာလေ အူပုပ်လိုက်တာ၊ မညကို ခွဲထုတ်စရာလား၊ မညက ကျွန်တော့်သူငယ်ချင်းပဲ"
BINABASA MO ANG
ရှေးရေစက်ကြောင့် ချစ်လက်စကျန်တယ် [Completed]
Romanceနယ်မြို့လေးမှာ ဖြစ်တည်လာခဲ့ကြသော မိုးသက်ငြိမ်နှင့် လွမ်းနေဝေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။