Unicode
လုကျင်းလန်၏အသံကိုကြားချိန်မှာ ဝမ်ကျားနင် ဘာမှမဖြစ်သလိုနေဖို့၊ မူမမှန်သည့်ပုံစံမပေါက်အောင် သူ့ကိုယ်သူသတိပေးရင်း စိတ်လျှော့ထားလိုက်ရသည်။
သူ လုကျင်းလန်ဘက်သို့ မသိမသာလှည့်လိုက်ပြီး
"ဆောရီး မစ္စတာလု၊ ကျွန်တော့်ဘောင်းဘီရေစိုသွားလို့၊ သိပ်အဆင်မပြေလောက်ဘူး"
သူ့စကားကိုကြားလျှင် လုကျင်းလန် ထွက်သွားလောက်မည်ဟု သူထင်ခဲ့သော်လည်း မမျှော်လင့်ဘဲ ထိုသူက အခန်းထဲဝင်လာပြီး မေးလေသည် :
"စိုကုန်တာလား"
ဝမ်ကျားနင် ကိုယ့်လက်ဖဝါးကိုယ် ဆွဲဆိတ်ထားလိုက်ကာ ဘာမှမဖြစ်ဘူးဟု စိတ်တင်းထားရ၏။ လုကျင်းလန် မမြင်လောက်ဘူးမဟုတ်လား။
တကယ်တော့ လုကျင်းလန်က နည်းနည်းလေးတောင် သတိထားမိမှာမဟုတ်ချေ။
ဘောင်းဘီရေစိုသွားပေမယ့် ကိုယ်နှင့် နည်းနည်းကပ်နေရုံမို့ အသေးစိတ်ကောက်ကြောင်းကို မမြင်နိုင်ပေ။ တစ်နည်းပြောရလျှင် ဝမ်ကျားနင်က ထိတ်လန့်တုန်လှုပ်စိတ်ဖြင့်သာ အလွန်အကျွံတုံ့ပြန်မိခြင်းဖြစ်သည်။ထင်သည့်အတိုင်း လုကျင်းလန်က တစ်ချက်မျှကြည့်လိုက်ပြီး :
"ခဏစောင့်"
ထိုသို့ပြောကာ အခန်းအပြင်သို့ထွက်သွားလေပြီ။ ဘာကိုဆိုလိုသလဲ ဝမ်ကျားနင် နားမလည်သော်လည်း သိပ်မကြာခင်မှာ လုကျင်းလန်က သူ့အတွက် ဘောင်းဘီရှည်သန့်သန့်တစ်ထည်ယူလာသည်။
ဝမ်ကျားနင်က အမြဲလိုလို လုကျင်းလန်နှင့်ထိပ်တိုက်ဆုံရမှာကို ရှောင်ရှားခဲ့တာဖြစ်သည်။ တစ်နည်းပြောရလျှင် ကသိကအောက်မဖြစ်လိုသဖြင့်။လုကျင်းလန်ဆီမှဘောင်းဘီရှည်ကို လက်ခံပြီးနောက် ဝမ်ကျားနင် မြန်မြန်သွက်သွက် ကျေးဇူးတင်ကြောင်းပြောလိုက်ကာ အဝတ်လဲသည့်နေရာသို့သွားပြီး ဝတ်လိုက်သည်။
ဝမ်ကျားနင် ဘောင်းဘီရှည်လဲဝတ်ပြီးတော့မှ စိတ်သက်သာရာရသွားခဲ့၏။ ဒီအချိန်ကြီး လုကျင်းလန် ဘာလို့ ဒီမှာရှိနေတာလဲ၊ သူ့ကို ဘာအတွက်ကူညီတာလဲ စဉ်းစားမိသေးသည်။
YOU ARE READING
ပြီးပြည့်စုံခြင်း [COMPLETED]
Romance~ ရုပ်ရှင်လောက၊ ခန္ဓာကူးပြောင်းခြင်း ~ Start Date - 12.3.2022 End Date - 24.4.2024