Unicode
This part contains some sexual contents. Read at your own risk.
လူတစ်ယောက်ကို လာခေါ်တာဟု လုကျင်းလန် ဆိုလိုက်သော်လည်း အခန်းထဲမှလူတွေ တစ်ယောက်မှ ချက်ချင်းမတုံ့ပြန်နိုင်ကြပေ။
သို့နှင့် လုကျင်းလန်ကပဲ ဝမ်ကျားနင်၏လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်သည်မို့ ရှီရှီအား ဖက်ထားသောလက်များလည်း အလိုလိုပြေကျသွားရသည်။
လုကျင်းလန်က မေး၏။
"ပြန်မှာ မဟုတ်လား?"
ဝမ်ကျားနင်က တည်တည်ငြိမ်ငြိမ်ဖြေရုံသာ ရှိတော့သည်။
"အင်း..ကျွန်တော် ပြန်တော့မှာ"
ချောင်စုန့်ချွမ်က အကြည့်မလွှဲနိုင်ဖြစ်နေပြီးမှ ဘေးမှလူများကို နားမလည်သလိုကြည့်လိုက်သည်။
ဝေ့လွင်က ပထမဆုံးတုံ့ပြန်သူပင်။
"ရှောင်ခေါ့ကို လာခေါ်တာလား၊ ခဏဝင်ထိုင်ပါဦး"
လုကျင်းလန်က အခန်းထဲကို လျှောက်လာ၏။
လက်ကောက်ဝတ်အား ဆုပ်ကိုင်ခံထားရဆဲမို့ ဝမ်ကျားနင်က လုကျင်းလန်၏အနောက်ကို လိုက်လာရုံသာ တတ်နိုင်သည်။
လုကျင်းလန်က ယဉ်ကျေးစွာ ပြောလိုက်သည်။
"ရှင်ဟန် ပြန်တော့မှာမို့လို့ ကျွန်တော်လည်း မထိုင်တော့ဘူး၊ ဒီည ကျသင့်ငွေကို ကျွန်တော် ရှင်းမှာမို့လို့ စိတ်ကြိုက်သာ နေကြပါ၊ နောက် အခွင့်အရေးရင် အတူသောက်ကြတာပေါ့"
လုကျင်းလန် ဒီလိုပြောနေမှတော့ ကျန်သည့်လူတွေလည်း အတင်းတိုက်တွန်းဖို့မဖြစ်နိုင်။
လုကျင်းလန်က ဝမ်ကျားနင်ကို ထပ်မေးပြန်ပြီ။
"အခု သွားကြတော့မလား"
ဝမ်ကျားနင်က ခေါင်းညိတ်လိုက်ကာ တစ်ဖက်လှည့်၍ ချောင်စုန့်ချွမ်နှင့်တခြားလူများကို နှုတ်ဆက်သည်။
လုကျင်းလန်နောက်ကို ဝမ်ကျားနင် ပါသွားပြီမို့ ရှီရှီလည်း အံ့အားသင့်စွာ အခန်းထဲသို့ ပြန်ဝင်လာလိုက်ရ၏။
သူတို့အကြောင်း နောက်ကွယ်မှာ ပြောဆိုလျက် ကျန်ခဲ့မည်ကို ဝမ်ကျားနင် သိနေသော်လည်း ဘာမှမတတ်နိုင်၊ ဂရုမစိုက်ပေ။ ချောင်စုန့်ချွမ်တို့တွေ စိတ်ရှိတိုင်းသာ ပြောနေကြပါစေ။
YOU ARE READING
ပြီးပြည့်စုံခြင်း [COMPLETED]
Romance~ ရုပ်ရှင်လောက၊ ခန္ဓာကူးပြောင်းခြင်း ~ Start Date - 12.3.2022 End Date - 24.4.2024