[ 37 ]

3.4K 536 8
                                    

Unicode

အပိုင်း - ၃၇

ဝမ်းလင် ထွက်သွားပြီးနောက်မှာ ဝမ်ကျားနင်နှင့်လုကျင်းလန်တို့ ဘာမှမပြောဖြစ်တော့ပေ။ တစ်ယောက်က သန့်စင်ခန်းဘက်ဦးတည်ပြီး တစ်ယောက်က ဟောခန်းရှိရာသို့ ပြန်လာခဲ့လိုက်သည်။

ပြန်လာသောဝမ်ကျားနင်ကို မြင်သည့်တိုင်၊ ဝမ်းလင်က အထိတ်လန့်မပြယ်သေးဘဲ မျက်လုံးပြူးများဖြင့် စိုက်ကြည့်နေဆဲ။

ဝမ်ကျားနင် သူ့ကို ပခုံးတစ်ချက်ပုတ်လိုက်သည်။

ဝမ်းလင်က ထိန်းမထားနိုင်တော့ဘဲ ဝမ်ကျားနင်အနားသို့တိုးလာကာ ခပ်တိုးတိုးမေး၏။

"သူ မင်းကို အဲလိုတွေပြောနေတာ မင်း ဒေါသမထွက်ဘူးလား"

ဝမ်းလင်အမြင်တွင် လုကျင်းလန်၏ အပြုအမူ၊ အပြောအဆိုများက အလေးအနက်မထားသလိုထင်ရသည့်အပြင် နည်းနည်းလည်း လေးစားမှုမရှိသလိုဖြစ်နေလိမ့်မည်။

ဝမ်ကျားနင်က ပြုံးပဲပြုံးလိုက်သည်။

"ဘာမှမဟုတ်ဘူး...သူက ဒီအတိုင်းပဲ စနောက်နေကျ"

ဆုပေးပွဲအခမ်းအနားမှာ ဆက်လက်ကျင်းပနေသော်လည်း သူတို့နှင့်ဘာမှမသက်ဆိုင်။ ဒီတစ်ကြိမ်မှာတော့ ဝမ်ကျားနင်ကိုယ်တိုင် တကယ့်ပရိသတ်အစစ်လို ခံစားလာရပြီး ဟိုအရင်ကလို စိတ်လှုပ်တရှား မျှော်လင့်စောင့်စားခြင်းမျိုး မရှိတော့ပေ။

ဆုပေးပွဲကျင်းပနေရင်း တစ်ဝက်လောက်တွင် ကြီးကြပ်ရေးကော်မတီမှဖိတ်ကြားထားသော ဧည့်သည်တော်အဖွဲ့က စင်ပေါ်တက်ပြီး သီချင်းနှစ်ပုဒ်ဆိုခဲ့သည်။ လတ်တလော လူကြိုက်များပြီး နာမည်ကြီးနေသော အဖွဲ့ပင်။ အသံကျယ်ပြီး စိတ်ခံစားချက်ပြင်းပြသောသီချင်းများပေမို့ ဆုပေးပွဲခန်းမလေထုကို နည်းနည်းတော့ တက်ကြွရွှင်လန်းစရာကောင်းသွားစေ၏။

ခြုံပြောရလျှင် ဒီနှစ်အကယ်ဒမီဆုပေးပွဲက မမျှော်လင့်ထားတာမျိုး ကြီးကြီးမားမားဖြစ်ပျက်သွားတာမရှိပါ။ ဆုပေးပွဲမတိုင်ခင်ကတည်းက မီဒီယာများစွာက ခန့်မှန်းချက်တစ်ခုပြီးတစ်ခုထုတ်ထားသည့်နည်းတူ နောက်ဆုံးရလဒ်သည်လည်း အတူတူနီးပါး ဖြစ်သည်။

ပြီးပြည့်စုံခြင်း [COMPLETED]Hikayelerin yaşadığı yer. Şimdi keşfedin