Unicode
အပိုင်း - ၇၇
အချစ်ဦး။
ထိုစကားလုံးက ကျောင်းစာသင်ခန်းထဲမှာ၊ သို့မဟုတ် ကစားကွင်းထဲမှာ ရှိနေသော ကောင်လေးတွေ၊ ကောင်မလေးတွေအတွက် ပိုသင့်တော်သည်။ ရှက်သွေးဖြာနေသော မျက်နှာနှင့် ဝိုးတဝါးခံစားချက်တွေ။
သို့သော် ဝမ်ကျားနင်ကတော့ ထိုသို့ တစ်ခါမှ မခံစားခဲ့ဖူးပါ။ အချစ်ဆိုသောအရာကို ကြုံတွေ့ရတော့လည်း ဒီအသက်အရွယ်ကျမှ ဖြစ်နေသည်။ နောက်ပြီး သူ တစ်ခါမှ ဖြစ်နိုင်လိမ့်မည်ဟု မထင်ထားခဲ့သော ယောက်ျားတစ်ယောက်ကိုမှ ချစ်မိသွားခဲ့ခြင်း။
လုကျင်းလန်၏ လက်ဖဝါးက သူ့လည်တိုင်ကို အုပ်ကိုင်ထားကာ လက်ချောင်းများကလည်း သူ့မေးဖျားကို အထပ်ထပ်ပွတ်သပ်နေခဲ့သည်။ အားက မသေးလှ၍ ဝမ်ကျားနင် နည်းနည်းတောင် နာကျင်သွားရ၏။ လုကျင်းလန် ဘာတွေ တွေးနေမလဲ သူ မသိပေမယ့်၊ ထိုသူ သူ့ကို ခပ်တင်းတင်းပွေ့ဖက်ထားချိန်မှာ ဝမ်ကျားနင် မျက်လုံးများ မှိတ်ထားလိုက်မိပြီး ထိုသူ့ပခုံးပေါ် မျက်နှာအပ်ထားရင်း သက်ပြင်းရှိုက်သွင်းလိုက်သည်။
“မင်း ယောက်ျားလေးတွေကို သဘောကျခဲ့ဖူးလား”
လုကျင်းလန်က သူ့နားနားကပ်ပြီး မေးလာခြင်း။
ဝမ်ကျားနင် ခေါင်းခါလိုက်၏။ ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် သူ ဘယ်သူ့ကိုမှ သဘောမကျခဲ့ဖူးပေ။ နောက်ပြီး သူ့ကိုယ်သူ လိင်တူသဘောကျသူအဖြစ် တစ်ခါမှ မသတ်မှတ်ဖူးခဲ့။
လိုအင်ဆန္ဒဟူသည် ရှောင်လွှဲ၍ မရချေ။ သူ၏ အလိုရမ္မက်များကို ဖြေလျှော့ခဲ့တာက ယောက်ျားများနှင့်မဟုတ်ဘဲ မိန်းမများနှင့် ဖြစ်သည်။ သို့သော် မိန်းကလေးတွေက လုကျင်းလန်လောက် သူ့စိတ်ဆန္ဒကို မနှိုးဆွနိုင်တာ ဝန်ခံရမည်။ နောက်ပြီး သူ လုကျင်းလန်ကို မချစ်မိခင်ကတည်းက သူ့ခန္ဓာကိုယ်က အရင် ငြိတွယ်ခဲ့တာပင်။ ခေါ့ရှင်ဟန်ရဲ့လွှမ်းမိုးမှုရှိသလား သူ မသိသော်လည်း သေချာတာတစ်ခုမှာ သူကိုယ်တိုင်က ဆန့်ကျင်ဘက်လိင်ကိုပဲ စိတ်ဝင်စားသည့် heterosexual စစ်စစ် မဟုတ်။
YOU ARE READING
ပြီးပြည့်စုံခြင်း [COMPLETED]
Romance~ ရုပ်ရှင်လောက၊ ခန္ဓာကူးပြောင်းခြင်း ~ Start Date - 12.3.2022 End Date - 24.4.2024