[ 75 ]

3K 405 13
                                    

Unicode

အပိုင်း - ၇၅

ဝမ်ကျားနင်၏ အပြုအမူကို ကြည့်ရုံနှင့် စိတ်မကျေနပ်ချက်များအား ဝိုင်သောက်ရင်း ဖြေလျှော့နေမှန်း သိသာသည်။ ဝမ်းလင် သူနှင့်သိခဲ့တာ အတော်ကြာပြီဖြစ်သော်လည်း ယခုလိုပုံစံကို မြင်ရတာ ပထမဆုံးပင်။

ဝမ်းလင်က သီချင်းဆက်မဆိုတော့ဘဲ ဂီတာချထားလိုက်ကာ စတိတ်စင်အောက်ကို ဆင်းလာပြီး ဝမ်ကျားနင်၏ ဘေးတွင် ဝင်ထိုင်သည် :

“ဘာဖြစ်လို့လဲ”

ဝမ်းလင် သီချင်းဆိုရပ်သွား၍ ဘားမှ တီးဝိုင်းအဖွဲ့က သံစဉ်အေးအေးတစ်ခုကိုသာ စတင် တီးခတ်တော့သည်။

ဘားမှ အရက်စပ်သူကလည်း သူ့အတွက် ဝိုင်စပ်ပေးနေ၏။

ဝမ်ကျားနင် ကိုယ့်ဆံပင်ကိုယ် ထိုးဖွလိုက်မိရင်း

“ငါ ဘာမှမဖြစ်ဘူး၊ စိတ်မပူပါနဲ့”

ဝမ်ကျားနင် ထိုသို့ပြောလျှင်တောင် ဝမ်းလင်က မစိုးရိမ်ဘဲ မနေနိုင်ပေ။ သူတို့စားပွဲဆီ ဝိုင်နောက်တစ်ခွက် လာချတော့ ဝမ်းလင်က ဘေးသို့ ယူထားလိုက်ပြီး

“ငါ့ကို အရင်ပြောပြပါဦး..ဘာဖြစ်ခဲ့လို့လဲ”

တကယ်တော့ ပြောနေစရာတောင် မလိုပေ။ လီရုန်က အကြောင်းရင်းကို ခန့်မှန်းမိပြီးသားဖြစ်သည်။ ဝမ်ကျားနင်က လုကျင်းလန် မပါဘဲ ဒီကို တစ်ယောက်တည်း ရောက်ချလာသည့်အပြင်၊ ရောက်ရောက်ချင်း ဘာစကားမှမပြောဘဲ အရက်ဇွတ်သောက်နေသည်ဆိုတော့ သေချာသည်။ ထိုနှစ်ယောက် ကတောက်ကဆဖြစ်ထားတာပင်။

သို့သော်လည်း လီရုန်က ဝမ်းလင်၏ စိုးရိမ်ပူပန်နေသောမျက်နှာကို ကြည့်ရင်း ဘာမှ ဝင်မပြောဖြစ်လိုက်ပေ။ ဘေးမှဝိုင်ခွက်ကို ကိုင်၍ သူ့ဘာသာ တစ်ကျိုက်မော့သောက်လိုက်၏။

‌ဝမ်ကျားနင် ခေါင်းခါမိသည်။ သူနှင့် လုကျင်းလန်၏ အဆင်မပြေမှုအကြောင်း ဘာမှကို ပြောစရာမရှိသလို၊ သူတို့ကြား ပြဿနာမှာ ဘယ်သူ့ကိုမှ ထုတ်ပြောပြလို့မရချေ။

ဘာမှမပြောတာပဲ ကောင်းလိမ့်မယ်...

သူ ဝမ်းလင်၏ လက်ကို လှမ်းဆွဲလိုက်ပြီး

ပြီးပြည့်စုံခြင်း [COMPLETED]Where stories live. Discover now