[ 31 ]

3.8K 496 13
                                    

Unicode

အပိုင်း - ၃၁

ကားသည် လုကျင်းလန်၏အိမ်သို့ ဦးတည်နေပြီဖြစ်သည်။

ဝမ်ကျားနင် လုကျင်းလန်၏ကိုယ်ပေါ်မှဆင်းကာ ဘေးမှာပြန်ထိုင်လိုက်သည်။ လုကျင်းလန်လည်း နက်ခ်တိုင်ကို ဆွဲဖြည်လိုက်ပြီး ရှပ်အင်္ကျီကိုပါ ကြယ်သီးသုံးလေးလုံးလောက် ဖြုတ်ပစ်လိုက်သည်။

"ကျန်းရှဲင်က လိန်ရှင်းကို ရောက်လာတယ်ဆို"

လုကျင်းလန်က မေးလိုက်ခြင်း။

ဝမ်ကျားနင်က ပြန်မဖြေဘဲ အမေးကို အမေးနှင့်တုံ့ပြန်သည်။

"ခင်ဗျား တကယ်ပဲမသိတာလား? ဟွမ်ကန် ထွက်သွားတာကိုရော၊ သူ့လက်အောက်က ဝူသုံ့ချင်နဲ့ဟယ့်ချောင်ရှုပါ တစ်ခါတည်း အထုပ်သိမ်းပြီး ထွက်သွားရတာလေ၊ အဲဒါကလည်း ဝမ်းလင်ရဲ့ကိစ္စပြီး နောက်တစ်နေ့မှာပဲ..."

လုကျင်းလန် ခပ်တိုးတိုးရယ်လိုက်သည်။

"မင်း ကိုယ့်ကို ဒါတွေ ဘာလို့မေးနေတာလဲ၊ ကိုယ်နဲ့ဆိုင်မယ် ထင်နေတာလား"

လုကျင်းလန်နှင့်သက်ဆိုင်လိမ့်မည်ဟု ဝမ်ကျားနင်က အမှန်တကယ်ခံစားနေရသော်လည်း သူ့မှာ လက်ဆုပ်လက်ကိုင်ပြပြီး ပြောစရာမရှိ။

လုကျင်းလန်က မေးလာ၏။

"မင်းကို ကူညီဖို့အတွက်နဲ့ ကိုယ်က လိန်ရှင်းကို ဝင်စွက်ဖက်ပြီး ဝူသုံ့ချင်နဲ့ဟယ့်ချောင်ရှုကို ဖြုတ်ပစ်တာလို့ တွေးနေတာလား"

တကယ်လည်း ဝမ်ကျားနင် မဖြစ်နိုင်ဟုတွေးနေခြင်းမှာ ထိုအကြောင်းဖြစ်သည်။ လုကျင်းလန်က သူ့အတွက်နှင့် ထိုမျှလုပ်ပေးလိမ့်မည်ဟု သူတော့ မထင်။

လုကျင်းလန်က ပြုံးလျက်

"တကယ်တော့ ကိုယ့်ဒုတိယအစ်ကိုက လိန်ရှင်းမှာ ရင်းနှီးမြှုပ်နှံထားတာ"

ဒီတစ်ခါတော့ ဝမ်ကျားနင် မှင်သက်သွားရသည့်အလှည့်ပဲဖြစ်သည်။

လုကျင်းလန်က စကားဆက်သည်။

"သူက ဒီအနုပညာလောကထဲမှာ စမ်းသပ်တဲ့အနေနဲ့ ရင်းနှီးကြည့်တာ၊ လိန်ရှင်းရဲ့ရှယ်ယာအများစုက သူ့လက်ထဲမှာ..အနည်းစုကတော့ ကိုယ့်ဆီမှာပေါ့၊ ဒါပေမယ့် သူက ကိုယ်တိုင်ကိုယ်ကျ လုပ်ချင်တာမဟုတ်ဘူး၊ ကိုယ်လည်း လိန်ရှင်းနဲ့ဆက်စပ်တာကို လောလောဆယ် အပြင်လူတွေသိအောင် ချပြလို့မရသေးဘူး၊ ဝမ်းလင်ရဲ့ကိစ္စမှာ ဟွမ်ကန်ကို အလုပ်ဖြုတ်လိုက်တာကတော့ မင်းကို ကူညီချင်ရုံသက်သက်မဟုတ်ဘဲ ကိုယ်လည်း လိန်ရှင်းကို အဲလိုကုမ္ပဏီမျိုးမဖြစ်စေချင်လို့ပဲ"

ပြီးပြည့်စုံခြင်း [COMPLETED]Where stories live. Discover now