[ 85 ]

2.9K 367 8
                                    

Unicode

အပိုင်း - ၈၅

အစက လုကျင်းဖုန်း အိမ်ပြန်ရောက်လျှင် ဝမ်ကျားနင်၏ကိစ္စကို စီမံဖို့ တွေးထားသော်လည်း ထုံထုံနှင့်ပတ်သက်ပြီး မမျှော်လင့်သောကိစ္စ ပေါ်ပေါက်လာသည်မို့ လောလောဆယ် ဝမ်ကျားနင်အကြောင်းကို မဖြေရှင်းနိုင်သေး။

မိသားစုထဲ ဘာမှအထိအခိုက်မရှိ၍ လုကျင်းဖုန်း အပေါ်ထပ်သို့ တက်သွားပြီး လုကျင်ရှင်းကို ဖုန်းဆက်ခေါ်လိုက်သည်။

မနက်အစောကြီး လုကျင်းဖုန်း အလုပ်အသွားကို မီအောင် ဝမ်ကျားနင် ထွက်လာခဲ့ရမှန်း လုကျင်းလန်က သိသည်။ သို့အတွက် အားတုံ့အားနာဖြစ်မိကာ ဝမ်ကျားနင်၏ခါးတစ်ဝိုက်ကို သိုင်းဖက်လိုက်ရင်း

“အရင်ပြန်သွားပြီး တစ်ခုခုစားကြရအောင်”

ဝမ်ကျားနင် ပြန်မဖြေရသေးခင် လုအိမ်တော်မှ အမျိုးသမီးများက အံ့ဩသလို ပြောလာ၏။

“ပြန်တော့မလို့လား”

ခမ်ဟွမ်းရှန့် : “နေ့လယ်စာစားပြီးမှ ပြန်ပါလား၊ နေ့လယ်စာ အသင့်ပြင်ပြီးပြီ”

အမေလုကလည်း ဆိုသည်။

“ဟုတ်တယ်၊ အမေ သားကြီးကိုတောင် မစည်းရုံးရသေးဘူးလေ..မပြန်ပါနဲ့ဦး”

အမျိုးသမီးကြီးက မနက်က အစာငတ်ခံရတာ အလဟဿမဖြစ်‌အောင်လို့ ဝမ်ကျားနင်ကို မျက်စိမှိတ်ပြသည်။

ဝမ်ကျားနင် လုကျင်းလန်၏လက်ကို လှမ်းဆွဲထားလိုက်ပြီး

“ဒီမှာပဲ စားရအောင်လေ”

“မင်းသဘော”

သိပ်ပင်မကြာလိုက် လုကျင်ရှင်း ပြန်လာခဲ့သည်။ ယဲ့ကျူးကျာ ထုံထုံ့ကို ခေါ်ပြီး လစ်ပြေးဖို့ကြံတာ ဒါ ပထမဆုံးအကြိမ် မဟုတ်သော်လည်း ဒီတစ်ခေါက်က အဆိုးရွားဆုံးပင်။ ဝမ်ကျားနင် ကြီးကြီးမားမား မထိခိုက်သွားလို့ တော်သေးသည်။ ရဲတိုင်လိုက်သော်ငြား ဒီကိစ္စက အမေဖြစ်သူ ကလေးကို လစ်ပြေးသောကိစ္စဖြစ်သည့်အပြင် ကလေးလည်း ပါမသွားတာမို့ ရဲက စကားနည်းနည်းပါးပါးပြောပြီး လွှတ်ပေးလိုက်လေ၏။

ပြီးပြည့်စုံခြင်း [COMPLETED]Where stories live. Discover now