Unicode
ရေချိုးပြီးနောက် ဝမ်ကျားနင် တဖြည်းဖြည်းချင်း စိတ်ငြိမ်အောင် ထိန်းနိုင်သွားသည်။
ဝင်လာတုန်းက ချွတ်ထားခဲ့သောညအိပ်ဝတ်စုံကို ဝတ်လိုက်ကာ ရေချိုးခန်းအပြင်သို့ထွက်လာချိန်၊ အောက်ထပ်မီးဖိုချောင်မှလှုပ်ရှားသံကို ကြားရ၏။
မီးဖိုချောင်တံခါးနား ဝမ်ကျားနင် တိုးကပ်သွားကြည့်လိုက်တော့ ကြက်ဥကြော်နေသောလုကျင်းလန်ကို မြင်ရသည်။
လုကျင်းလန်က ချည်သား အဖြူရောင်အင်္ကျီတစ်ထည်နှင့် ဝါညိုနုရောင်ဘောင်းဘီရှည်ကို ဝတ်ဆင်ထားရာ သက်တောင့်သက်သာ၊ ပေါ့ပေါ့ပါးပါးဖြစ်နေဟန်။ ကြက်ဥကြော်နေရင်း ဘောင်းဘီအိတ်ကပ်ထဲ လက်တစ်ဖက်ထည့်ထားကာ ကျန်လက်တစ်ဖက်ဖြင့် ဇွန်းပြားကို ကိုင်ထားသည်။ လှုပ်ရှားမှုများက ကြည့်ကောင်းလွန်းနေပြီး မဂ္ဂဇင်းမှ photo shoot ဟုပင် အထင်မှားရလောက်၏။
ဝမ်ကျားနင်၏ခြေသံကို ကြား၍ထင့်၊ လုကျင်းလန်က ပြောလိုက်သည် :
"မနက်စာရတော့မယ်၊ ထမင်းစားခန်းထဲမှာ ခဏသွားစောင့်နေ"
မီးဖိုခန်းထဲရှိနေသူမှာ လုယွီနမ်ဖြစ်မည်ဟု ဝမ်ကျားနင် အစက ထင်ခဲ့သော်လည်း မမျှော်လင့်ဘဲ လုကျင်းလန်ဖြစ်နေသည်။
သူ ထိုနေရာမှာ တစ်ခဏရပ်နေမိပြီးမှ
"ကျွန်တော့်အဝတ်အစားတွေ ဘယ်မှာလဲ၊ ဖုန်းရော တွေ့မိသေးလား"
လုကျင်းလန် : "ခဏနေ ယွီနမ်ကို လျှော်ခိုင်းလိုက်မယ်၊ နောက်ပြီး မင်းရဲ့ဖုန်းက အိပ်ရာဘေးမှာလေ၊ မမြင်ဘူးပေါ့?"
ဝမ်ကျားနင် တကယ်ကို မမြင်ပေ။ သူ အခန်းထဲပြန်သွားပြီး ဖုန်းကို ရှာရသည်။ တိုက်တိုက်ဆိုင်ဆိုင် ဟယ့်ချောင်ရှုက သူ့ဆီ ဖုန်းဆက်နေ၏။
ဖုန်းကိုင်လိုက်ချိန်မှာ ဟယ့်ချောင်ရှုက မေးရကောင်းနိုး၊မမေးရကောင်းနိုး :
"မင်း အဆင်ပြေရဲ့လား"
ဝမ်ကျားနင် ဖြေလိုက်သည်။
"ကျွန်တော် အားလုံးအဆင်ပြေပါတယ်၊ ကျေးဇူးပါ ရှုကော"
ဟယ့်ချောင်ရှုက များများစားစားမမေးဘဲ ထိုအစား
VOCÊ ESTÁ LENDO
ပြီးပြည့်စုံခြင်း [COMPLETED]
Romance~ ရုပ်ရှင်လောက၊ ခန္ဓာကူးပြောင်းခြင်း ~ Start Date - 12.3.2022 End Date - 24.4.2024