[ 59 ]

3.5K 456 21
                                    

Unicode

အပိုင်း - ၅၉

လုကျင်းလန်က ခေါ့ရှင်းဖန်ကို နှုတ်ဆိတ်စွာ ကြည့်နေသော်လည်း ခေါ့ရှင်းဖန်ကမူ မျက်နှာပြောင်ပြောင်နှင့် ပေါ်တင် အကဲခတ်နေသည်။

သူတို့နှစ်ယောက်က ဘာမှ ပြောစရာ သိပ်မရှိတာမို့ တစ်ခွန်းနှစ်ခွန်းပြောပြီးနောက်မှာ လက်ထောက်ဒါရိုက်တာ ရောက်လာပြီး ဝမ်ကျားနင်ကို မိတ်ကပ်လိမ်းဖို့ စေ့ဆော်သည်။ ဖွင့်ပွဲအခမ်းအနားအတွက် သတင်းထောက်များကိုလည်း ဖိတ်ခေါ်ထားသောကြောင့်ပင်။ သတင်းထောက်တွေလည်း တစ်ယောက်ပြီးတစ်ယောက် လာနေကြတာ တွေ့ရသည်။

ဤရုပ်ရှင်ကားအတွက် ဖွင့်ပွဲအခမ်းအနားကို ကြီးကြီးကျယ်ကျယ် မလုပ်ထားသော်လည်း တရားဝင် ပွဲမစခင်၊ သတင်းထောက်တစ်ယောက်က လုကျင်းလန်ကို အကျဉ်းရုံး အင်တာဗျူးလုပ်ဖို့ အစီအစဉ်ရှိနေ၏။

လုကျင်းလန် သတင်းထောက်ကို သွားတွေ့နေချိန်မှာ ဝမ်ကျားနင်က မိတ်ကပ်လိမ်းပြင်ဆင်ဖို့ အချိန်ယူရပြီး ခေါ့ရှင်းဖန်ကလည်း ထိုအခန်းထဲသို့ လိုက်လာခဲ့သည်။

ထိုအချိန်မှာ ကျန်းကျွင်းလည်း ရောက်လာပြီ။ သူက ခေါ့ရှင်းဖန်ကို သတိမထားမိသော်လည်း ဝမ်ကျားနင်ကို မြင်သွားတော့ နှုတ်ဆက်သည်။

ဝမ်ကျားနင်လည်း ခေါင်းတစ်ချက်ညိတ်ပြကာ၊ ထိုင်ခုံမှာ ဝင်ထိုင်လိုက်ပြီးနောက် မိတ်ကပ် artist က သူ့ကို မိတ်ကပ်စလိမ်းပေးတော့သည်။

ပထမဆုံးရိုက်ကူးရမည့် scene က ဇာတ်ကားတစ်ခုလုံးမှာ အလွန်အရေးပါသော ဇာတ်ဝင်ခန်းပင်။ ဝမ်ကျားနင် သရုပ်ဆောင်ရမည့် ဇာတ်လိုက် ယွမ်ရွှီက နေမကောင်းသော အဖေရှိရာ မွေးရပ်မြေသို့ ပြန်လာသည့် scene ဖြစ်သည်။ ယွမ်ရွှီတစ်ယောက် အပူကြီးပြီး အိပ်ရာထဲ လဲသွားချိန်၊ အမြဲလိုလိုအေးစက်နေခဲ့သော ဝမ်းကွဲဖြစ်သူ ယွမ်ရှန်းက သူ့ဆီ ရောက်လာကာ ဂရုစိုက်ပြုစုပေးခဲ့၏။

မိတ်ကပ် artist က ဝမ်ကျားနင်ကို မိတ်ကပ်ပြင်ပေးလို့ ပြီးသွားပြီ။ သူ မတ်တတ်ရပ်လျှင်ရပ်ချင်း ကျန်းကျွင်းနှင့် ခေါ့ရှင်းဖန် နှစ်ယောက်လုံး သူ့ကို တစ်ပြိုင်တည်းကြည့်လာသည်။ နေမကောင်းသောဇာတ်ဝင်ခန်းမို့ ဝမ်ကျားနင်ကို ပြင်ပေးထားသော မိတ်ကပ်က ဖြူဆုတ်နေပြီး အားမရှိသလို ထင်ရသောကြောင့်ပင်။

ပြီးပြည့်စုံခြင်း [COMPLETED]Where stories live. Discover now