[ 91 ]

2.7K 376 3
                                    

Unicode

အပိုင်း - ၉၁

စင်မြင့်ထက်တွင်ရှိနေသော လုကျင်းလန်သည် စိတ်လှုပ်ရှားမှုကို မျက်နှာမှာ မပေါ်အောင် ထိန်းပြီး ကျေးဇူးတင်စကားကို စိတ်နှစ်၍ ဆိုခဲ့လေသည်။

“တကယ်တမ်း ကျွန်တော် ဒီဆုကို ရမယ်လို့ မထင်ထားခဲ့ဘူး၊ ဒီဆုက ကျွန်တော့်အတွက် တော်တော်လေးကို အရေးပါတယ်၊ ကြီးမားတဲ့မှတ်ကျောက်တစ်ခုဆိုလည်း မမှားပါဘူး၊ ကျေးဇူးတင်ရတဲ့လူတွေ အများကြီးပါပဲ၊ သူတို့ရဲ့အထောက်အပံ့သာ မရှိခဲ့ရင် ကျွန်တော် ဒီနေ့ ဒီနေရာမှာ ရပ်နေဖို့ အခွင့်အရေးမရှိလောက်တာမို့ ကျွန်တော်က ချစ်ရတဲ့လူတွေရော..ကျွန်တော့်ကို ချစ်ပေးတဲ့လူတွေရော အားလုံးကို ကျေးဇူးတင်ရှိပါတယ်”

ထို့အပြင် နည်းနည်းပါးပါးဆက်ပြောပြီးနောက် လက်ထဲမှ ဆုတံဆိပ်ကို မြှောက်ပြလိုက်လေသည်။

ဧည့်ပရိသတ်ထံမှ လက်ခုပ်သံတွေ သောင်းသောင်းဖြဖြထွက်ပေါ်လာကာ ယနေ့ည အကောင်းဆုံးဒါရိုက်တာဆုသည် Best Actor ဆုနှင့် Best Actress ဆုထက် ပိုပြီး ရင်ထဲထိစေခဲ့လေပြီ။

အွန်လိုင်းမီဒီယာကလည်း ပထမဆုံးအနေနှင့် သတင်းတင်ကာ ခေါင်းစဉ်တွင် လုကျင်းလန်ကို လွန်လွန်ကျူးကျူး ချီးမွမ်းခန်းဖွင့်ထားလေသည် : လုကျင်းလန်...the legend of gods! ဟူ၍။

သတင်းတင်သူ ရေးထားသည်က - အခုဆို လုကျင်းလန်က သရုပ်ဆောင်နိုင်ရုံသက်သက်မဟုတ်တော့ဘူး။ Movie အသိုင်းအဝိုင်းထဲမှာ သူက တကယ် god ပဲ!

ထိုည၌ လုကျင်းလန်၏ဆုရယူမှုသည် ပွဲ၏ အထွတ်အထိပ်အဖြစ်ဆုံးအချိန်ဟုပင် ဆိုရမည်။ Best Actor ဆုရသူနှင့် Best Actress ဆုရသူ၏ အရှိန်အဝါကိုပါ လွှမ်းမိုးသွားခဲ့ချေသည်။  ဆုပေးပွဲပြီးနောက် ကြားဖြတ်အစီအစဉ်တွင် လုကျင်းလန်အတွက် အင်တာဗျူးအသေးစားရှိရာ သတင်းထောက်အားလုံး သူ့ကို ဝိုင်းကာ မေးခွန်းတွေ တရစပ်မေးနေတော့၏။

လုကျင်းလန် ‌မေးခွန်းဖြေဖို့အတွက် သတ်မှတ်ထားသော အချိန်က တိုတောင်းလွန်းသည်မို့ သတင်းထောက်များမှာ မကျေနပ်နိုင်ဘဲ လမ်းပိတ်ရပ်၍ သူ့ကို ထွက်မသွားနိုင်အောင် တားကြသဖြင့် ရုန်းရင်းဆန်ခတ်ဖြစ်လုနီးနီး။

ပြီးပြည့်စုံခြင်း [COMPLETED]Where stories live. Discover now