[ 12 ]

4.3K 651 9
                                    

Unicode

သီချင်းဆိုပြီးနောက် ဝမ်ကျားနင်က ကိုယ့်နေရာကိုယ်ပြန်သွားလိုက်ကာ စိန်ခေါ်ခံရသော ရှန်းယုံကျုံ့က စတင်သီဆိုမည်ဖြစ်သည်။

ယေဘုယျပြောရလျှင် ဒီတစ်ခေါက်ပွဲစဉ်က သိပ်ကို စိတ်ဝင်စားစရာကောင်းသည်။ ယှဉ်ပြိုင်ဘက်ရွေးချယ်ပုံပေါ် မူတည်သည့်အပြင် ပြိုင်ပွဲဝင်များကြား တိမ်မြုပ်နေသောတင်းမာမှုကိုလည်း နှိုးဆွသလိုဖြစ်၏။ သို့သော် ဝမ်ကျားနင် အံ့အားအသင့်ဆုံးပွဲစဉ်ကတော့....

ကျော်ကြားမှုအဆင့် ၃ ချိတ်သည့်လင်ချင့်ယွီ၏ရွေးချယ်မှုကိုပင်။

Talent agency group က မှာထားသည့်အတိုင်း နာမည်သိပ်မကြီးသောပြိုင်ပွဲဝင်ကို ရွေးရမည့်အစား လင်ချင့်ယွီက ဝမ်းလင်ကို ပြိုင်ဘက်အဖြစ် ရွေးလိုက်ချေပြီ။

ဝမ်းလင်က အံ့ဩသွားဟန်မပေါ်ဘဲ စိန်ခေါ်မှုကို တည်တည်ငြိမ်ငြိမ်တုံ့ပြန်သည်။

တကယ်တမ်း ဝမ်ကျားနင်ကတော့ လင်ချင့်ယွီနှင့်ဝမ်းလင်ကို ပုံစံအတူတူပဲဟု မြင်သည်။ သူတို့နှစ်ယောက်လုံးကို ဂီတပညာရှင်ဟု သတ်မှတ်နိုင်လောက်၏။ ထိုနှစ်ယောက်လုံးက ဂီတကို ချစ်မြတ်နိုးသည်၊ ကိုယ်ပိုင်သီချင်းရေးနိုင်သည်၊ ကိုယ့်သီချင်းကိုယ် ဂီတာတစ်လက်နှင့် ဖျော်ဖြေချင်သူများဖြစ်သည်။ ခေါ့ရှင်ဟန်သည်လည်း ဒီနှစ်ယောက်လိုပဲ ဖြစ်လိမ့်မည်။ တစ်ခုပဲ...ခေါ့ရှင်ဟန်က ဝမ်းလင်ထက်တော့ ပါရမီနည်းလေသည်။

ရိနန်ကိုတော့ အဆိုတော်ဟုပဲ ခေါ်ရမည်။ သူက သီချင်းဆိုတတ်သော်လည်း ဂီတအပေါ် စိတ်အားထက်သန်မှု ပြင်းပြပုံမရ။

လင်ချင့်ယွီက ဝမ်းလင်ကို ရွေးလိုက်တာ မဆန်းပါ။ သူမက ဒီပွဲစဉ်မှာ စိတ်တိုင်းကျသီဆိုဖို့ ဆုံးဖြတ်လိုက်ပြီး ဝမ်းလင်ကိုလည်း အရည်အချင်းမတိမ်းမယိမ်းမို့ စိန်ခေါ်လိုက်ခြင်းဖြစ်သည်။

ဝမ်ကျားနင်က လင်ချင့်ယွီကို အားပေးအားမြှောက်လုပ်နေတာမဟုတ်။ သို့သော် သူမ၏သတ္တိကိုတော့ လေးစားသွားရသည်။

Live လွှင့်ပြသနေတာမို့ အုပ်စုငါးစုလုံး သီဆိုယှဉ်ပြိုင်ပြီးနောက်မှာ ပရိုဂရမ်က ကြော်ငြာအပိုင်းကို ထုတ်လွှင့်လိမ့်မည်။

ပြီးပြည့်စုံခြင်း [COMPLETED]Where stories live. Discover now