Unicode
ယခုဆို အမျိုးသားပြိုင်ပွဲဝင်လေးဦးနှင့် အမျိုးသမီးပြိုင်ပွဲဝင်တစ်ဦးတည်းသာ ကျန်တော့သည်။ ပရိုဂရမ်အဖွဲ့၏အစီအစဉ်အရ အမျိုးသားနှင့်အမျိုးသမီးကို အတူတွဲဆိုခိုင်းလျှင် အကျိုးသက်ရောက်မှုအပိုင်းမှာရော ကဏ္ဍအားလုံးမှာပါ အကောင်းဆုံးဖြစ်သော်လည်း အကဲဖြတ်ဒိုင်နှစ်ဦးက အမျိုးသားတွေဖြစ်နေသောအခါ။ ဖိတ်ကြားထားသော guest က မိန်းကလေးဆိုလျှင်တောင် အမျိုးသားပြိုင်ပွဲဝင်တစ်ဦးက အမျိုးသားဒိုင်တစ်ဦးနှင့် အတူတွဲဆိုရမှာ ရှောင်လွှဲလို့မရချေ။
ဒါရိုက်တာက ပြိုင်ပွဲဝင်များနှင့်တွဲဖက်သီဆိုမည့်ရွေးချယ်မှုကို ကြေညာချိန်မှာ ဘေးမှကင်မရာက ရိုက်ကူးနေဆဲပင်။
ဝမ်ကျားနင်၏ပါတနာကိုမူ နောက်ဆုံးမှကြေညာလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူထိုင်နေတာက ထောင့်အကျဆုံးဖြစ်ပြီး ရင်ခုန်စရာမကောင်းပေ။ ရိနန်က guest နှင့်တွဲဆိုရမည့်အကြောင်း၊ နီရှောင်းယန်က အန်းယုံခမ်းနှင့်တွဲဆိုရမှာဖြစ်ကြောင်း ကြားလိုက်ရပြီးနောက် ဝမ်ကျားနင် မှန်းဆမိသွားသည်။
သူ လုကျင်းလန်ဆီကနေ မလွတ်တော့ဘူး။
သို့သော်လည်း ဘယ်လိုပဲကြည့်ကြည့် ပရိုဂရမ်၏အကြောင်းအရာပိုင်းအရ သူ့ကို လုကျင်းလန်နှင့်တွဲဆိုခိုင်းလိုက်တာ ကောင်းမွန်သောရွေးချယ်မှုပင်။
ပြဿနာတစ်ခုတော့ရှိသည်။ လုကျင်းလန်က ပရော်ဖက်ရှင်နယ်အဆိုတော်မဟုတ်သလို ဝမ်ကျားနင်ကလည်း မဟုတ်ပေ။ အဆိုပိုင်းမှာ အတွေ့အကြုံနုသည့်သူတို့နှစ်ဦးက တစ်အုပ်စုဖြစ်သွားပြီဆိုတော့ တခြားအဖွဲ့များနှင့်ယှဉ်လျှင် ကြီးကြီးမားမားကွာဟနေမှာစိုးရသည်။
ဒါပေမယ့် တော်သေးတာတစ်ခုက လုကျင်းလန်က သူ့အဆို level ကို လိုက်နိုင်မှာမဟုတ်လောက်ဘူး။
ဝမ်ကျားနင် စိတ်ထဲမှာ အဆိုးအကောင်းတွေ တွက်ချက်နေမိသည်။ recording သွင်းပြီးနောက် ဘေးမှဖြတ်သွားသောရိနန်က ဖျတ်ခနဲငဲ့ကြည့်လိုက်တာကို သူ မြင်ရ၏။ ပရိုဂရမ်အဖွဲ့က ရိနန်ကို အထူးဧည့်သည်တော်နှင့် ပေးတွဲလိုက်သည်မို့ တကယ်မျက်နှာသာပေးခံရတာပဲလို့ ဝမ်ကျားနင် မတွေးဘဲမနေနိုင်တော့။ တရားဝင်ဖျော်ဖြေသည့်အချိန်ကျလျှင် တုံ့ပြန်မှုသိပ်ကောင်းမှာ သေချာသည်။
YOU ARE READING
ပြီးပြည့်စုံခြင်း [COMPLETED]
Romance~ ရုပ်ရှင်လောက၊ ခန္ဓာကူးပြောင်းခြင်း ~ Start Date - 12.3.2022 End Date - 24.4.2024