Chapter-2

3K 270 14
                                    

Unicode 🌻🌻

ဒီနေ့အဖို့က ဂျဲန်းနီ အတွက် ဒီကျောင်းမှာ ပထမဆုံးကျောင်းတတ်ရတဲ့နေ့ပေါ့ ... သူငယ်ချင်းမရှိတဲ့အပြင် မြင်ဖူးသမျှ မျက်နှာတိုင်းက ပထမဆုံးမြင်ဖူးခြင်း .....

စကားပြောဖော် မရှိ‌တဲ့ ဂျဲန်းနီ အဖို့ကတော့ အရာရာက ခြောက်ကပ်နေတာ ... တစ်ခါတစ်ရံတော့ အတွေးထဲ လီလီ အကြောင်းရောက်လာသေးတာ ...
အထူးသဖြင့်  လီလီ ကြိုက်တဲ့ အဝါရောင်လေးတွေ မြင်လိုက်ရရင်ပေါ့ ....

" ဒီမှာ ထိုင်လို့ရမလားဗျ ... "

ကျောင်းကန်တင်းမှာ တစ်ယောက်တည်းနေ့လည်စာ စားနေရင် ယောက်ျားလေးတစ်ယောက်ရဲ့ စကားသံကြောင့် မျက်နှာကိုမော့ကြည့်မိတော့ ... ယောက်ျားပီသတဲ့ မျက်နှာမျိုးနဲ့ အရမ်းချောတဲ့ ကောင်လေး တစ်ယောက် .... အရပ်ကလည်း ရှည်လွန်းလှသည်။ ချုံပြောရရင် မိန်းကလေးတွေ ကြွေချင်စရာပေါ့ ....

" ဟုတ်ကဲ့ ... "

ဂျဲန်းနီရဲ့ အတွေးထဲမှာတော့ ဒီလောက်ခုံတွေအများကြီးရှိတဲ့အထဲမှာမှ ဘာလို့ သူမရှေ့မှာမှလာထိုင်လည်းတွေးလျက် ... ဘယ်လိုပဲဖြစ်ဖြစ် စကားပြောဖော်ရတာပေါ့ ...

" ကျောင်းသူအသစ်ထင်တယ် အရင်ကတစ်ခါမှမတွေ့ဖူးဘူး "

" ဟုတ်ပါတယ် ... ကျမက ကျောင်းသူအသစ်ပါ "

"တွေ့ရတာ ဝမ်းသာပါတယ် ... ကိုယ့် နာမည်
ဂင်မ်ဂျုံအင် ပါ  "

" ဟုတ်ကဲ့ ... ကျမနာမည် ဂျဲန်းနီဂင်မ် ပါ "

" ဒါဆို ကိုယ်တို့ သူငယ်ချင်းလုပ်ရအောင် ... နောက်နေ့ကျ ကိုယ့်သူငယ်ချင်းမိန်းကလေးတွေနဲ့ မိတ်ဆက်ပေးမယ် "

" ဟုတ်ကဲ့ "

" ဂျဲန်းက ဘယ်အတန်းကလဲ "

" အထက်တန်းပထမနှစ် (D) ခန်းကပါ "

" ဟုတ်လား ... အဲအတန်းမှာ ကိုယ့်သူငယ်ချင်းရှိတယ် ... ဒီနေ့ကျောင်းမလာလို့ မနက်ဖန်မှမိတ်ဆက်ပေးမယ် "

" ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် "

ဂျဲန်းနီဆိုတဲ့ မိန်းကလေးက အဲလိုမျိုး လူတိုင်းကို အလိုက်အထိုက်‌ပေါင်းသင်းတတ်တယ် ... ‌မာနမကြီးသလို ဖော်ရွေမှုလည်းရှိသည်။ မျက်စိရှေ့မှာ အမြင်မတော်တာတွေ့ရင်လည်း ဝင်ကူညီလိုက်ရမှ .... ဘာပဲပြောပြော သူငယ်ချင်းရတော့ တိုင်ပင်စရာရှိရင် တိုင်ပင်လို့ရတာပေါ့ ...

I found YouWhere stories live. Discover now