Chapter - 45 ( Final 🌻)

4.3K 245 26
                                    

Ed Sheeran ရဲ့ Perfect သီချင်းလေးကို နားထောင်ရင်း ဖတ်ဖို့ အကြံပြုပါရစေ ...

Unicode 🌻🌻

" လီလီလေး ... မမတို့ လက်ထပ်သင့်ပြီမထင်ဘူးလား "

နှစ်ယောက်အတူ TV ကြည့်ရင်း ဂျဲန်းနီဘက်မှစပြောလာသည်။ အိမ်ကိုပြန်ရောက်သည်က တစ်နှစ်ပြည့်တော့မယ် ... လီဆာခြေထောက်တွေကလည်း အကောင်းအတိုင်းပြန်ဖြစ်နေပြီ ... အချိန်အကြာကြီး ချစ်ခဲ့ကြတဲ့ ဆက်ပြီးတော့လည်း ချစ်သွားဦးမယ့် သူတွေအနေနဲ့ လက်ထပ်သင့်ပြီမဟုတ်လား ..

" ဒါက လက်ထပ်ခွင့်တောင်းလိုက်တာလား "

လီဆာပခုံးပေါ်ကို ခေါင်းလေးမှီနေသည့် ဂျဲန်းနီဘက်ကိုငဲ့ကြည့်ရင်း လီဆာမေးလာသည်။ အလိုမကျစွာ မျက်ခုံးနှစ်ဖက်ကိုတွန့်ချိုးထားသောကြောင့် လီဆာ ဂျဲန်းနီကို စချင်စိတ်တို့ပိုလာရသည်။

" ဘယ်မှာလဲ လက်စွပ်တို့ ပန်းစည်းတို့ "

" အဲဒါတွေပါမှ လီလီလေးက မမကိုလက်ထပ်မှာလား "

" လက်ထပ်ခွင့်တောင်းတယ်ဆို အနည်းဆုံးတော့ လက်စွပ်လေးတော့ပါသင့်တယ်မထင်ဘူးလား "

" ‌ထားလိုက်တော့ "

TV ကိုပဲ ပြန်ကြည့်ကာ ဆုပ်ကိုင်ထားသည့် လီဆာလက်ကို လွှတ်လိုက်သည်။ လီဆာပြန်ဆုပ်ကိုင်ဖို့ ကြိုးစားတော့လည်း ရုန်းထွက်သွားသည့် ကလေးဆန်လွန်းစွာ စိတ်ကောက်နေသည့် ပုံစံလေးကို ကြည့်ရင်း လီဆာ ပြုံးမိသည်။ အသက်သာကြီးလာတာ အရပ်ကော အပြုအမူကောက တကယ့် ကလေးပေါက်စိနလေးအတိုင်း ... သိပ်ကိုချစ်စရာကွယ် ..

" ဘယ်လိုဖြစ်လို့ အတင်းရုန်းနေတာလဲ "

ရုန်းကန်နေတဲ့ ဂျဲန်းနီရဲ့ လက်ကို အမိအရဖမ်းကိုင်လိုက်ရင်း လက်သန်းကြွယ်မှာ လက်စွပ်လေးကို ဆင်မြန်းပေးလိုက်သည်။

ရွေးချယ်ထားတဲ့ အလှဆုံးလက်စွပ်လေးက မမ လက်ပေါ်ရောက်တော့ အရောင်တောင်မှေးမှိန်းသွားသလိုပဲ ...

I found YouWhere stories live. Discover now