Chapter - 32

1.9K 230 12
                                    

Unicode 🌻🌻

အလုပ်မသွားခင် ခါတိုင်းနေ့တွေလို ဂျဲန်းနီ ရှိရာဆီလီဆာလာခဲ့သည်။ ဒီနေ့မှပဲ ရာသီဥတုက အရင်ကထက်ပိုအေးနေသယောင်။ မိုတယ်ရှေ့က ကားလမ်းမပေါ်လူတွေဝိုင်းအုံနေသည်ကို မြင်လိုက်ရတော့ လီဆာဆီစိတ်ပူမှုတွေက တရှိန်ထိုးဝင်လာသည်။ တီးတိုးပြောသံတွေအရ အမျိုးသမီးတစ်ယောက်ကို ကားနဲ့တိုက်ကာ ကားမောင်းသူကတော့ ချက်ချင်းထွက်ပြေးသွားသည်တဲ့ ...

ဂျဲန်းနီဖြစ်နေမလားစိတ်ပူစိတ်နဲ့ လူအုပ်ကြားထဲအတင်းတိုးဝှေ့ကာ သွားတော့ ခေါင်းမှာသွေးတွေစီးကျလို့ လမ်းမပေါ်လဲနေသည့် ဂျဲန်းနီကိုမြင်လိုက်ရတာကြောင့် မျက်ဝန်း‌ထဲမှ မျက်ရည်တွေဟာ မယုံကြည်ခြင်းများစွာနဲ့ စီးကျလာသည်။ အလျင်အမြန် ဂျဲန်းနီကိုယ်လေးကိုပွေ့ကာ နှိုးနေပေမယ့် တုန့်ပြန်လာခြင်းမရှိပဲ မျက်ဝန်းတွေသာ မှိတ်ထားဆဲဖြစ်သည်။

" မမ ... မမ လီလီလေမမရဲ့ နည်းနည်းလောက်ဖြစ်ဖြစ် စကားလေးပြန်ပြောပါဦး "

အိပ်မက်သာဖြစ်လိုက်ပါတော့လို့ ‌ဆု‌တောင်းပေမယ့် ရင်ဘက်ထဲက တစ်ဆစ်ဆစ်တိုးလာသည့် နာကျင်မှုက အိပ်မက်မဟုတ်လေဘူးဆိုတာ အသိပေးလျက်ရှိသည်။

" မမ !!! လီလီခေါ်နေတယ်လေ ... ဘာမှဖြစ်လို့မရဘူးနော် ခဏလောက်ပဲ တောင့်ထားပေးပါ လီလီကိုယ်တိုင်ဆေးရုံခေါ်သွားပေးမယ်နော် "

အရေးပေါ်ကားသည်အထိ မစောင့်နိုင်တာကြောင့် ဂျဲန်းနီသွေးများစွန်းထင်နေသည့် လက်ဖြင့် မျက်ရည်တွေကို သုတ်လိုက်ရင်း ဂျဲန်းနီကိုပွေ့ချီကာ ဆေးရုံဆီသို့ မရပ်မနားပြေးလာခဲ့သည်။ ရင်ခွင်ထဲမှာရှိနေသည့် ဂျဲန်းနီကတော့ ဘယ်လောက်ပဲအော်ခေါ်နေပေမယ့် တိတ်ဆိတ်စွာ လိုက်ပါနေသည်မှာ လီဆာရင်ကို အစိတ်အမွှာမွှာ ကွဲကြေစေသည်။

" အခုလိုပုံစံနဲ့ပြန်တွေ့ချင်တာမဟုတ်ဘူးလေ မမရဲ့ "

နှစ်ပါတ်ကျော်ကြာအောင် မျက်နှာလေးမမြင်ရ အသံလေးမကြားရပဲ နေလာခဲ့ရတာ အခုလိုပုံစံမျိုးနဲ့ ပြန်တွေ့ရတော့ ဆုံးရမှာကြောက်သည့်စိတ်ဖြင့် အရူးတစ်ယောက်လို ထားမသွားဖို့ အော်ဟစ်လို့ လီဆာတောင်းပန်နေသည်။ နာကျင်မှုလေး တစ်စုံတစ်ရာ မခံစားစေလို့သည့် သူကိုမှ ထပ်ခါထပ်ခါ နာကျင်စေနေတဲ့ ကံတရားကို ထပ်ခါထပ်ခါ ကျိန်တွယ်ရင်း မျက်ရည်တွေဟာ အတားအဆီးမဲ့စွာစီးဆင်းနေသည်။

I found YouWhere stories live. Discover now