Chapter - 17

2.6K 236 17
                                    

Unicode 🌻🌻

" မ ... "

ချယ်ယောင်းကို ဆေးရုံရှေ့မှာ တွေ့တာတောင် မမြင်ချင်ယောင်ဆောင်ပြီး ထွက်သွားတဲ့ ဂျီဆူးက တကယ်ပဲ ချယ်ယောင်းကို မုန်းသွားသည့်အလား ...

ပြဿနာတတ်တဲ့နေ့ကစလို့ ဂျီဆူးဆီ နေ့တိုင်းလာခဲ့ပေမယ့် ပြန်ရသမျှက ဂျီဆူးရဲ့ လစ်လျူရှုမှုတွေချည်းသာ ...

" မ ... ခဏလေး ယောင်း‌ပြောတာလေး နားထောင်ပေးပါလား "

" နင်ဘယ်လိုဖြစ်နေတာလဲ ... ငါ့ကိုနင့်လိုအားယားနေတယ်များထင်နေတာလား "

" တကယ်ကို ခဏ .. ခဏလေးဆိုရပါပြီ "

" ရှုပ်လိုက်တာ ... "

" ခဏလေးပါ မရယ် ... တောင်းဆိုပါတယ်နော် "

" ကဲပြော "

ဂျီဆူး ဆံပင်တွေကို လှန်တင်လိုက်ရင်း စိတ်ရှုပ်နေတဲ့ မျက်နှာနဲ့ ပြောလိုက်ပေမယ့် ရှေ့မှာ ရပ်နေတဲ့ ချယ်ယောင်းတော့ မှိုရသွားတဲ့မျက်နှာနဲ့ မျက်လုံးလေးတွေ အရောင်လဲ့လာသည်။

" မ ကိုယောင်းလေ တကယ်ချစ်တာပါ ... တခြားတစ်ယောက်လက်ထဲကို အပါမခံနိုင်လောက်အောင်ထိ ... မအတွက်ဆို ဘာပဲလုပ်ပေးရလုပ်ပေးရ အဲလောက်ထိချစ်တာ ယုံပေးပါနော် "

ဂျီဆူး ချယ်ယောင်းကို တစ်ချက်လေးမှ လှည့်မကြည့်ပဲ လမ်းမကိုသာ ကြည့်ရင်း မျက်မှောင်ကို ကြုံ့ထားသည်။ ချယ်ယောင်းကတော့ ရသမျှ အခွင့်အရေးမှာ ပြောချင်သမျှ ပြောနေလေရဲ့ ...

" အခုကစလို့ ယောင်းလေ အစစအရာရာ ပြုပြင်ပါ့မယ် ... ပြီးတော့လေ စာကိုလည်း ကြိုးစားပြီးတော့ ဘွဲ့ယူပြီးရင် အတည်တကျ အလုပ်ဝင်ပါ့မယ် ... နောက်ဆုံးတစ်ခေါက်လေးပဲ အခွင့်အရေးပေးပါနော် ... တကယ်ကို နောက်ဆုံးအကြိမ်လောက်လေးပဲအခွင့်အရေးပေးပါနော် "

" ဒါပဲမလား ... ငါပြန်တော့မယ် "

ကားတံခါးဖွင့်ကာ ကားပေါ်တတ်ဖို့ ပြင်ဆင်နေတဲ့ ဂျီဆူးလက်ကို ဆွဲလိုက်မိတာ ထွက်သွားမှာ ကြောက်တဲ့စိတ်လေးကြောင့် .... ပြန်ရလိုက်တာ ဂျီဆူးဆီက အလိုမကျမှုနဲ့ ကြည့်လာတဲ့ အကြည့်တစ်စုံ ... ချယ်ယောင်းလည်း လက်ကိုလွှတ်ပေးလိုက်ရင်း ..

I found YouWhere stories live. Discover now