Chapter - 30

2.1K 210 24
                                    

Unicode 🌻🌻

ဘွဲ့ရပြီးကတည်းက လီလီရဲ့ အလုပ်မလုပ်ရတော့ဘူးဆိုတဲ့ စကားကြောင့် အိမ်မှာသာ လီလီနှင့်အတူ အချိန်ဖြုန်းဖြစ်တော့သည်။ ဂျဲန်းနီရဲ့ ရှေ့နေလေးကတော့ လာကမ်းလှမ်းတဲ့ အမှုတွေကို လက်ခံလျက် နေ့စဉ်နီးပါးအလုပ်များလျက်ရှိသည်။ သူငယ်ချင်းဖြစ်သူ အင်ဆယ်ဗြောလ်နဲ့ ရုံးခန်းတစ်ခုကို နှစ်ယောက်အတူ ငှားရင်း ရက်သက်မှတ်ကာ ရုံးခန်းထိုင်ကြသည်။

" ပျင်းလိုက်တာ ... မနက်ဖန်ကျရင် ရုံးတတ်ရတော့မယ် "

ရုပ်ရှင်အတူကြည့်နေရင်း ဂျဲန်းနီ ပခုံးပေါ်ခေါင်းလေးမှီကာ ခါးလေးကိုဖတ်တွယ်လို့ ဆူပုပ်ပုပ်မျက်နှာလေးဖြင့်ပြောလာသည်။

" မမရဲ့ လီလီလေးက ပျင်းတယ်လား ... အဲဒါဆိုလည်း ရုံးမတတ်နဲ့တော့လေ ဟောဒီကမမကရှာကျွေးမှာပေါ့ "

လီလီ ပခုံးပေါ်မှီနေရာမှ ချက်ချင်းခေါင်းလေးထောင်လာပြီး

" အဲလိုတော့မရဘူး အခုနောက်ပိုင်းကစပြီး လီလီကပဲ မမကို ရှာကျွေးမှာ ... မမက လီလီအိမ်ရှင်မအနေနဲ့ပဲနေရမယ် "

" ရှင်‌လေးရဲ့ အိမ်ရှင်မလို့ပြောရအောင် ရှင်လေးနဲ့ ကျွန်မက လက်ထပ်ပြီးလို့လား "

" အခုလက်မထပ်ရသေးပေမယ့် တစ်နေ့နေ့တော့ လက်ထပ်မှာပဲဟာ ... အခုရောနောင်ရော မမကအမြဲ လီလီရဲ့ အိမ်ရှင်မလေးလုပ်ပေးရမယ် "

ဂျဲန်းနီခါးလေးကိုပိုတိုးကာဖတ်ထားလိုက်ရင်း လည်တိုင်ဆီ ခေါင်းလေးတိုး‌ဝှေ့ကာ ကြောင်လေးတစ်ကောင်ကဲသို့ချွဲကာပြောနေသည်။ လီဆာခေါင်းလေးကို ဂျဲန်းနီပုတ်ပေးလိုက်ရင်း

" နောက်မှကပ်ချွဲတော့ အခုတော့ အလုပ်ကိစ္စချိန်းထားတာ သွားလိုက်ဦး "

" အင်းပေါ့လေ နှင်ထုတ်နေတဲ့သူကနှင်ထုတ်နေမှတော့လည်း သွားရတော့မှာပေါ့ "

လီဆာ မျက်နှာလေးညှိုးငယ်စွာပြောလာတော့ ဂျဲန်းနီ လီဆာ မျက်နှာလေးကိုမော့စေကာ နှုတ်ခမ်းလေးကိုခပ်ဖွဖွနမ်းလိုက်သည်။ ‌ခေတ္တခဏလေးနမ်းလိုက်သည့် အနမ်းပေးမယ့် လီဆာကိုတော့ အတောက်ပဆုံးပြုံးနိုင်အောင် ပြုစား‌နိုင်သည်။

I found YouWhere stories live. Discover now