Chapter - 34

2K 220 39
                                    

Unicode 🌻🌻

" မမ လီလီသွားတော့မယ်နော် ... ပြီးတာနဲ့ချက်ချင်းပြန်လာခဲ့မယ်‌နော် "

" မမကိုစိတ်ပူမနေပဲ အလုပ်ကိုသေချာအာရုံစိုက်‌နော် လီလီလေး ... မနက်ဖန်ဆိုရင်ပဲဆေးရုံကဆင်းရတော့မှာကို "

တစ်ယောက်တည်း ထားခဲ့ရတာကိုစိတ်မချပေမယ့်လည်း အလုပ်‌တွေက ရှိသေးတာကြောင့် စိတ်မချခြင်းများစွာနဲ့ပဲထားခဲ့ရသည်။ အခန်းထဲက မထွက်ခင်ကို နောက်ကို ထပ်ခါထပ်ခါ လည်ပြန်ကြည့်နေသည့် လီဆာကို ဂျဲန်းနီအတင်းကိုတွန်းထုတ်လိုက်ရသည်။ မဟုတ်ရင် နောက်ကျတော့မယ်လေ ...

လီဆာထွက်သွားသည်နှင့် ဂျဲန်းနီလည်း အခန်းထဲမှထွက်ကာ ယူယောင်းရှိရာအခန်းဆီဦးတည်လိုက်သည်။

ဂျဲန်းနီဝင်လာသည်ကိုမြင်သည်နှင့် ကုတင်ပေါ်မှာ ထိုင်နေသည့် ယူယောင်းက အံ့ဩသည့် မျက်လုံးများဖြင့် တွေဝေစွာကြည့်နေသည်။ ကုတင်ဘေးမှာမက်တပ်ရပ်နေသည့် ဂျဲန်းနီကို ကြည့်နေရင်းပဲ ယူယောင်းဘက်က စကားကိုစတင်ဆိုလာသည်။

" ဘာလို့ တရားမစွဲတာလဲ ... အစ်မကို ကားနဲ့ဝင်တိုက်ခဲ့တဲ့သူက ကျွန်မမှန်းသိနေတာတောင် ဘာလို့ တရားမစွဲရတာလဲ "

" တရားစွဲစရာမလိုလို့လေ "

" ဘယ်လို "

" တို့သိတယ် ... တို့ဆီကို အရှိန်ပြင်းပြင်းနဲ့ ဝင်လာတဲ့ ကားကိုမောင်းနေတဲ့သူက မင်းဆိုတာကိုတို့သိတယ် ... အဲတုန်းက လီလီလေးကို တစ်ယောက်တည်းထားသွားရတော့မယ်ထင်နေခဲ့တာ .. အဲအတွေးက ခဏလေးပဲ ကြာလိုက်ပါတယ် မင်းအရှိန်ကိုလျှော့ပြီး ဘရိတ်ကိုအုပ်ခဲ့တယ်လေ  အဲဒါကြောင့်လည်း နည်းနည်းပဲထိခိုက်မိခဲ့တာ ... ရက်စက်ချင်ပေမယ့် ရက်စက်တတ်တဲ့ နှလုံးသားမင်းမှာမရှိဘူးဆိုတာ အဲ့ကတည်းသိလိုက်တယ် ... ဒါ့ကြောင့်မို့လည်း တရားစွဲစရာမလိုဘူးလို့ပြောတာ "

ယူယောင်း မဲ့ပြုံးတစ်ချက်ပြုံးလိုက်သည်။ ထို့နောက် ဒူးနှစ်ဖက်ကို ပွေ့ကာထိုင်နေရင်း လက်သည်းကို ကိုက်ကာ ဂျဲန်းနီကို အရည်လဲ့နေသည့် မျက်ဝန်းတွေဖြင့်ကြည့်လာသည်။

I found YouWhere stories live. Discover now