Chapter -14

2.5K 231 8
                                    

Unicode 🌻🌻🌻

ဒီနေ့တော့ ညနေကျောင်းဆင်းဆင်းချင်း မမဆီ လီလီမသွားဖြစ်ခဲ့ ... အကြောင်းကတော့ ချယ်ယောင်းပြောတဲ့ သူ့ညီမကို စာသင်ပေးရမှာကြောင့် .. နှစ်ယောက်လုံးကျောင်းတတ်ရတဲ့သူမို့ ကျောင်းဆင်းချိန်‌သာ သင်ဖို့ ဆုံးဖြတ်ခဲ့သည်။

" ဘာကိစ္စပါလဲ မိန်းကလေး "

" စာသင်ပေးဖို့အတွက် ခေါ်ထားလို့ပါ "

" ဪ ... ဟုတ်ကဲ့ စိတ်မရှိပါနဲ့ အခုမှမြင်ဖူးတာဆိုတော့ .. မမလေးကအထဲမှာရှိပါတယ် အဒေါ်ကြီးနောက်က လိုက်ခဲ့ပေးပါ "

" ဟုတ်ကဲ့ "

လီဆာအဒေါ်ကြီးနောက်က လိုက်သွားသည်။ ပထမဆုံးရောက်ဖူးတဲ့ ဒီအိမ်ကြီးက နန်းတော်ကြီးတစ်ခုလို အသုံးအဆောင်အပြင်အဆင်တွေနဲ့ ... အခန်းတွေဆိုတာလည်း မရေမတွက်နိုင်အောင် များပြားသေးသည်။ လီဆာအတွက်တော့ ဒါတွေကအရေးမပါလှ သိပ်လည်းစိတ်မဝင်စား စာသင်ပေးရမယ့် ကိစ္စကိုသာ ခေါင်းထဲထည့်ထားသည်။ မမကို တစ်ဖက်တစ်လမ်းက ကူညီချင်တာကြောင့်ပေါ့ ...

" အထဲဝင်သွားလိုက်ပါ ... မမလေး စောင့်နေပါတယ် ... "

" ဟုတ်ကဲ့ "

အဒေါ်ကြီးလှည့်ထွက်သွားတော့  အခန်းတံခါးခေါက်လိုက်မိသည်။ ယဉ်ကျေးမှုအရပေါ့။ အထဲက ' ဝင်ခဲ့ပါ ' လို့ပြောတော့ အခန်းတံခါးကိုဖွင့်ကာအထဲဝင်လီဆာအထဲဝင်သွားသည်။

အခန်းတံခါးကိုနောက်ခိုင်းရင်း စာကြည့်စားပွဲမှာ ထိုင်နေတဲ့ ကောင်မလေးတစ်‌ယောက်က လီဆာဘက်ကို လှည့်လာရင်း ရယ်ပြလာသည်။ လီဆာကတော့ ပြန်ရယ်ပြခြင်းမရှိခဲ့ ...

ကောင်မလေးဆီက အကြည့်လွှဲရင်း စားပွဲပေါ်ကြည့်မိတော့ လီဆာအကြိုက် နေကြာပန်းလေးတစ်ပွင့်ထိုးထားတဲ့ ပန်းအိုးလေးကနေရာယူလျက် ...

လွတ်နေတဲ့ ခုံမှာထိုင်လိုက်ရင်း နေကြာပန်းလေးဆီက အကြည့်မလွှဲခဲ့ ... သိပ်ပြီးလှပလန်းဆန်းနေတဲ့ နေကြာပန်းလေး ... လီဆာကိုလည်းပြုံးရယ်မိစေတဲ့အထိ လှနေတာ

" စီနီယာက နေကြာကြိုက်တယ်မလား "

" အွန်း ... မင်းကဘယ်လိုသိလဲ .. ပြီးတော့ မင်းကိုမြင်ဖူးနေသလိုပဲ "

I found YouWhere stories live. Discover now