Chapter - 23

2.4K 232 28
                                    

Unicode 🌻🌻

" အဖေ ... လီလီဒီနေ့ ပထမဆုံးတရားခွင်နိုင်ခဲ့တယ်သိလား ... အဖေတုန်းကရော ဘယ်လိုလဲ ... "

နှစ်ယောက်အတူ နေ့လည်စာစားပြီး လီလီအဖေနဲ့ ဂျဲန်းနီအမေကို လာတွေ့ဖြစ်သည်။ အလုပ်အားတဲ့ရက်မျိုး အမြဲလာဖြစ်ကြပေမယ့် လာဖြစ်တဲ့အချိန်တိုင်း ဂျဲန်းနီကသာ နှုတ်ဆက်စကားပြောဖြစ်ပြီး လီလီကတော့ အမြဲတိတ်ဆိတ်နေတတ်သည်။

အခုတစ်ခါတော့အရင်ကနဲ့မတူအောင် လီလီက သူအနိုင်ရခဲ့တာကို အဖေဖြစ်သူကိုကြွားလုံးထုတ်နေလိုက်တာ ဂျဲန်းနီကတော့ ဘေးကနေအပြုံးလေးနဲ့သာငေးကြည့်နေရတော့သည်။

" အမေလည်း လီလီအတွက် ဂုဏ်ယူနေမယ်ထင်တယ် ... ပြီးတော့ တောင်းပန်ပါတယ် အမေရဲ့ အဖိုးတန်သမီးလေးကိုလီလီကြောင့်ပင်ပန်းစေမိလို့ "

" လီလီကြောင့်တစ်ခါမှ မမဘဝမှာပင်ပန်းတယ်မရှိခဲ့ဖူးဘူးလီလီ ... အမြဲမမက လီလီကြောင့်နဲ့ မမအမြဲပျော်ရွှင်ခဲ့ရတာကို ဘယ်တော့မှမမေ့နဲ့ "

လီလီကြောင့်ပင်ပန်းခဲ့ရတာမျိုး တစ်စက္ကန့်လေးတောင်မရှိခဲ့တာ ဂျဲန်းနီသာအသိဆုံး ... လီလီကတော့ ဂျဲန်းနီပင်ပန်းသမျှသူ့ကြောင့်လို့သာအမြဲတွေးနေတော့သည်။ အဲလိုမတွေးတွေပျောက်ကွယ်သွားအောင် ဂျဲန်းနီ ဘယ်လိုလုပ်ပေးနိုင်မှာလဲ ... အရိပ်ရိပ်တကြည်ကြည့်ချစ်လာခဲ့ရတဲ့ ကလေးကို ဂျဲန်းနီ ဘယ်လိုအကြောင်းကြောင်းနဲ့မှ စိတ်ကလေးညှိုးငယ်နေမှာမလိုလားမိတာတော့ အမှန် ...

မြေပုံလေးကိုကြည့်နေရာကနေ ရုတ်တရက် ဂျဲန်းနီဘက်ကိုကြည့်ရင်း အူကြောင်ကြောင်ကြည့်နေတဲ့ လီလီက ခုနက လီလီမဟုတ်သလို ...

" မမ ... အခုနေ အဖေ ဘယ်လိုနေမယ်ထင်လဲ "

" ကောင်း‌ကင်ဘုံပေါ်ကနေ မမတို့ကိုစောင့်ကြည့်နေမယ်ထင်တယ် ... အဆင်မှပြေကြရဲ့လား ကောင်းကောင်းမွန်မွန်မှ ရှိကြရဲ့လားဆိုပြီးတော့လေ "

" လီလီတော့ အဲလိုမထင်မိဘူး ... မိန်းမနှစ်ယောက်ကြားမှာ ဗျာများနေမယ်ထင်တယ် "

" ဘယ်လိုပြောလိုက်တာလဲ လီလီ ... အဲဒါ အခုချိန်ပြောရမယ့်စကားလား "

I found YouWhere stories live. Discover now