Chapter - 13

2.4K 216 9
                                    

Unicode 🌻🌻🌻

ခါတိုင်းညတွေဆို ဂျဲန်နီးအမြဲ စောပြီးပြန်လာတတ်တယ် ... ဘာလို့ဆို လီလီကို ညစာချက်ကျွေးဖို့လေ .. အလုပ်‌တွေပင်ပန်းလည်း လီလီအတွက်တော့ အမြဲအချိန်ရှိပြီသား .. ဒီညတော့ ထူးထူးဆန်းဆန်းပဲ နောက်ကျနေတဲ့အထိ လုံးဝပြန်မရောက်သေးဘူး ...

ညစာမစားပဲ စောင့်နေတဲ့ လီလီက ဧည့်ခန်းထဲမှာ စောင့်နေတာ အချိန်အတော်ကြာနေပြီ .... ပြန်မလာသေးတဲ့ ဂျဲန်းနီကြောင့် နာရီကိုကြည့်ရင်း စိုးရိမ်စိတ်တွေက ထိန်းချုပ်မရတော့ ...

ပြန်မလာတဲ့အဆုံး မမရှိတဲ့နေရာဆီထွက်လာခဲ့တော့ စားသောက်ဆိုင်တစ်ခုမှာ စားပွဲတွေတိုက်နေတဲ့ ဂျဲန်းနီကိုတွေ့လိုက်တော့ အလိုလိုစိတ်မကောင်းဖြစ်မိလာသည်။ သူဌေးလို့ထင်ရတဲ့သူကတော့ ကောင်တာမှာထိုင်ရင် ဂျဲန်းနီကိုဆူနေလိုက်တာ မှန်တွေကာထားလို့ သေချာမကြားရပေမယ့်လို့ဆူနေတာဆိုတာ ပါးစပ်လှုပ်ရှားမှုအရ သိရသည်။

ဂျဲန်းနီကတော့ သူဌေးဆူတာကို ဘာတစ်ခွန်းမှ ပြန်မပြောပဲ အလုပ်တွေပဲ ဆက်လုပ်နေတာ ... မျက်နှာလေးကတော့ညှိုးငယ်လို့ ..

အလိုလိုဒေါသထွက်လာမိတာကြောင့် တံခါးကိုတွန်းဖွင့်ရင်း ဒေါသတကြီးဝင်သွားမိသည်။ စားပွဲတွေသုတ်နေတဲ့ မမလက်ကိုဆွဲလိုက်ရင်း ..

" ပြန်မယ် မမ "

" လီလီလေး ... "

မော့ကြည့်လာတဲ့ မမမျက်ဝန်းတွေမှာ အံ့ဩမှုတွေအပြည့်ပဲ ... ခဏကြာတော့ လီလီထံမှ အကြည့်လွှဲသွားရင်း မပြီးသေးတဲ့ အလုပ်ကိုသာ ဆက်လုပ်နေမိသည်။

" ခဏနေပြီးတော့မှာမလို့ လီလီပြန်နှင့်နော် "

" လိုက်ခဲ့ဆို အခုချက်ချင်းလိုက်ခဲ့လေ ... လာ "

မမလက်ကိုဆွဲရင်း ထွက်သွားဖို့ လုပ်တော့ ကောင်တာမှာရပ်နေတဲ့ ဆိုင်ရှင်သူဌေးက ထွက်လာကာ လီလီရှေ့မှာ ပိတ်ရပ်လိုက်သည်။ ယောက်ျားလေးသာဆိုတယ် အရပ်က လီလီလောက်တော့မရှိဘူး ...

" ဟေ့ ... ဒါငါ့ဆိုင်က အလုပ်သမားနော် .. ခေါ်ချင်တိုင်းခေါ်သွားလို့မရဘူး "

I found YouWhere stories live. Discover now