Chapter - 18

3K 261 13
                                    

Unicode 🌻🌻

" စီနီယာခဏ ... ကျ‌မ ဒီဟာလေးနားမလည်သေးလို့ "

မတူညီတဲ့ပုစ္တာတွေ တစ်ပုဒ်ပြီးတစ်ပုဒ်ကို ရှင်းပြခိုင်းနေတဲ့ ယူယောင်းကြောင့် နောက်ကျသည်အထိအိမ်မပြန်ရသေး ...

" ဘယ်ဟာလဲ ပြ ... "

တစ်နေ့လုံးလည်းကျောင်းစာတွေနဲ့ရော ပထမဆုံးလိုက်မယ့်အမှုအတွက်ရော ပြင်ဆင်နေရတာအတွက်ရော လူကအတော်ကိုနှုံးချိနေပြီ ... အိမ်ပြန်ပြီး နာချင်နေသော်လည်း ယူယောင်းကြောင့်နဲ့ အခုထိ စာတွေရှင်းပြနေရတုန်း ...

" ရပြီမလား ပြန်တော့မယ် "

" ဟုတ်ကဲ့ စီနီယာ ... အခုလိုစိတ်ရှည်ပေးတာကျေးဇူးပါ "

" မလိုဘူး .. ငါတာဝန်ငါလုပ်ရုံတင် .. "

ပြောပြီး လွယ်အိတ်လွယ်ကာ ထသွားတဲ့ လီဆာနောက်ကနေ ယူယောင်းလိုက်လာသည်။ တစ်စက္ကန့်လေးအချိန်ရရင်တောင် လီဆာဘေးမှာ ရှိနေချင်မိတာကြောင့် မတူတဲ့ပုစ္စာတွေကို အကြောင်းပြရင်းဆွဲထားရတာ

ပြန်သွားတဲ့ နောက်ကျောပြင်လေးကို မြင်ကွင်းထဲကပျောက်သွားသည်အထိ ငေးကြည့်ပြီးမှ အိမ်ထဲဝင်လာခဲ့သည်။ စီနီယာနဲ့ပါတ်သတ်ရင် အရာရာကို‌နှမြောမိနေတာ ...

     ***

ပင်ပန်းလာတဲ့အရှိန်တွေဟာ မမရှေ့ရောက်တာနဲ့ အလိုလိုပျောက်သွားပြီ ... မမရဲ့ ရေသွားချိုးတော့ဆိုတဲ့စကားအတိုင်း ရေချိုးလိုက်ကာပေါ့ပေါ့‌ပါးပါးလေးဝတ်ကာ ဆင်းလာတော့ ညစာစားဖို့ အသင့်စောင့်နေတဲ့ မမကြောင့် ပြုံးရသေးတယ် ...

ထမင်းပန်းကန်ချပေးထားတဲ့ မမမျက်နှာချင်းဆိုင်ကခုံမှာ ဝင်မထိုင်ပဲ မမ ဘေးမှာဝိုင်ထိုင်လိုက်သည်။

" ဘာလို့ ဒီမှာလာထိုင်တာလဲ ... ဟိုမှာထိုင်လေ "

မျက်နှာချင်းဆိုင်ကခုံကို လက်ညှိုးထိုးပြရင်း ဂျဲန်းနီ ပြောလာတော့ ဘေးခုံကနေပါးစပ်လေးဟလာတဲ့ လီလီကြောင့် နားမလည်ဖြစ်ရသေးတယ် ...

" ခွံ့ကျွေးလေ ... စာတွေလုပ်ထားရတာ လက်တအားညောင်းနေတော့ တူရောဇွန်းရောမကိုင်နိုင်တော့ဘူး ... အဲဒါမမ ခွံ့ကျွေး "

I found YouWhere stories live. Discover now