Chapter-4

2.6K 251 8
                                    

Unicode 🌻🌻

ဒီ‌နေ့ လီလီ‌ရဲ့ ရှစ်နှစ်ပြည့်မွေးနေ့ ... လေးလေးပြောသလောက် အရင်မွေးနေ့တွေမှာ အလုပ်များနေလို့ လီလီအနားအတူမရှိပေးနိုင်ဘူးတဲ့လေ ... သနားစရာကလေးလေးက သူ့မွေးနေ့တောင်သိရဲ့လား ... အရင်က ဘယ်လိုပဲ ဖြတ်သန်းခဲ့ပါစေ အခုတော့ မမရှိနေပြီလေ လီလီ မွေးနေ့မှာ အထီးမကျန်စေရအောင် ဖန်တီးပေးပါ့မယ် ...

လေးလေးကိုရော အမေကိုရော ဒီနေ့လေးမှာ အလုပ်တွေအားအောင် စီစဉ်ပေးဖို့ ... ဒီနှစ်မွေးနေ့လေးမှာ အတူရှိနေပေးဖို့ တောင်းဆိုထားရသေးတယ် ... မမ ပထမဆုံးကြုံတွေ့ရတဲ့ လီလီရဲ့မွေးနေ့မှာ လီလီလေးကို အပျော်ရွှင်ရဆုံး ဖြစ်စေချင်မိတာ မမရဲ့ ဆန္ဒလေးတစ်ခုပေါ့။

ဒါကို အခုထိမနိုးသေးတဲ့ မွေးနေ့ရှင်လေးကတော့ သိမယ့် ပုံမပေါ် ... သူနိုးလာမယ့်အချိန်ကိုစောင့်ရင်း အခန်းရှေ့မှာ သုံးယောက်သားရပ်စောင့်နေရတာ နာရီဝက်ခန့်ရှိနေပြီ ... ဒီနေ့မှ အရင်နေ့တွေကထက် အိပ်ယာထတာ နောက်ကျနေသေးတယ် ...

မျှော်နေရသူမွေးနေ့ရှင်လေး နောက်ဆုံးတော့ ထွက်လာပါပြီအခန်းထဲက ... ရှေ့ဆုံးမှာ ကိတ်မုန့်လေးကိုကိုင်ထားတဲ့ မမနဲ့ နောက်မှာတော့ လက်ဆောင်ဘူးလေးတေ ကိုင်ထားတဲ့ လေးလေးနဲ့ အမေ ...

" Happy birthday to you
Happy birthday to you
Happy birthday Dear LiLi
Happy birthday to you "

မွေးနေ့သီချင်း‌ကိုဆိုနေတော့ ပြူးကြောင်ကြောင်ဖြင့် ကြည့်နေတဲ့ လီလီလေးက အရမ်းအံ့ဩသွားတဲ့ပုံ ... သီချင်းဆုံးတော့ ‌အပျော်လွန်ပြီး ပြုံးနေလိုက်တာ သိပ်ကို ချစ်စရာကောင်းတယ် ...

" လီလီလေး ဘာတွေ ကြည့်နေတာ ဆုတောင်းပြီးတော့ ဖ‌ယောင်းတိုင်မီးတွေကို မှုတ်လိုက်တော့လေ "

မမစကားဆိုလာတော့ လီလီက မျက်လုံးလေးမှိတ်လို့ လက်လေးနှစ်ဖက်ကိုဆုပ်ကိုင်ထားရင်းဆုတောင်းနေသည်။ ဆုတောင်းပြီးတော့ ဖယောင်းတိုင်မီးကိုမှုတ်လိုက်တော့ မမကလက်ထဲကကိတ်ကို ဘေးကစားပွဲခုံပေါ်တင်ထားလိုက်သည်။

" မမ ဘာလို့တင်ထားလိုက်တာလဲ ကိတ်တောင်မခွဲရသေးဘူး "

" ခဏနေမှ ခွဲလေ လီလီလေးရဲ့ ... မမ လက်ဆောင်ပေးစရာရှိလို့ "

I found YouWhere stories live. Discover now