Chapter - 46 ( Bonus 🌻 )

4.6K 283 15
                                    

Unicode 🌻🌻

" အခုမှပဲ နှစ်ယောက်အတူ ရုပ်ရှင်ကြည့်လို့ရတော့တယ် "

ရုပ်ရှင်ရုံက ခုံမှာ ထိုင်လိုက်ရင်း ချယ်ယောင်းမှ ညည်းညူပြောဆိုလာသည်။ တစ်ယောက်အားလပ်တဲ့အချိန် နောက်တစ်ယောက်က မအားလပ်တဲ့အချိန်တွေဖြစ်နေတာကြောင့် ညဘက်အိပ်တဲ့အချိန်နဲ့ မနက်နိုးထတဲ့အချိန်သာ တွေ့ဖြစ်ကြသည်။

" ဟုတ်ပါရဲ့ ... နောက် ကလေးတွေရှိလာရင် ပိုလို့တောင် မအားရဖြစ်တော့မယ် "

ဂျီဆူးပြောလိုက်‌သည့်စကားကြောင့် ချယ်ယောင်း အလန့်တကြား လှည့်ကြည့်လာသည်မို့  ဂျီးဆူးနားမလည်နိုင်စွာမေးလိုက်သည်။

" ဘာဖြစ်တာလဲ "

" အဲဒါပြောမလို့ ... ယောင်းတို့ ကလေးယူရအောင်လေ "

ဂျီဆူး တစ်ချက်ပြုံးလိုက်မိသည်။ ကိုယ်ချစ်ရတဲ့ ကလေးအကြောင်းကိုယ်သိတာပေါ့ ကလေးလိုချင်တာ တအားဆိုတာကို ...

" ယောင်းက ကလေးကို ကောင်းကောင်းထိန်းသိမ်းစောင့်ရှောက်နိုင်မယ်လို့ ကိုယ့်ကိုယုံကြည်ချက်ရှိလို့လား ... "

" လာလီဆာတောင် လုပ်နိုင်သေးတာ ယောင်းက ဘာလို့ မလုပ်နိုင်ရမှာလဲ "

ချယ်ယောင်းပြောသည့်စကားကို ဂျီဆူး ပြုံးလျက်သာတုန့်ပြန်လိုက်သည်။ နောက်မှလက်ထပ်ပြီး ကလေးအရင်ရသွားလို့ လီဆာအကြောင်းကိုမကျေမနပ်ဖြစ်ကာ ပြောသည်က ခဏခဏလေ ... အဲလိုအချိန်တွေဆို ဂျီဆူးမှာ အသည်းယားလွန်းလို့ ရယ်ချင်လွန်းလို့ မနည်ထိန်းချုပ်ထားရသေးသည်။

" ယောင်းတကယ်ပြောတာ ... တကယ်ဆို လက်ထပ်ထားတာ ငါးနှစ်ပြည့်တော့မယ့် ယောင်းတို့ကအရင်ကလေးရသင့်တာမဟုတ်ဘူးလား ... လက်ထပ်ထားတာ သုံးနှစ်ကျော်ပဲရှိသေးတဲ့ လာလီဆာတို့က အရင် ကလေးရတယ်ဆိုတာ မဖြစ်သင့်ဘူးမလား မပဲ စဉ်းစားကြည့်လေ "

အားတတ်သရောပြောနေသည့် ချယ်ယောင်းစကားကို လျစ်လျူရှုသလို pop corn ကိုသာစားရင်း ရုပ်ရှင်ကိုသာ ဆက်ကြည့်နေလိုက်သည်။ တစ်ခါတစ်လေ အဲသလိုလေး စ,ရတာကိုက ကျေနပ်စရာကောင်းနေတာမျိုးလေ ...

I found YouWhere stories live. Discover now