Chapter - 21

2.5K 255 32
                                    

Unicode 🌻🌻

" ဟုတ်ကဲ့ပါ ... စီနီယာဆန္ဒကိုသာ ကျမကိုပြောပါ "

" မင်းဆေးကုသမှုခံယူဖို့ပဲ ယူယောင်း "

သိနေတာလား ... မဟုတ်မှသိနေတာလား ..ယူယောင်းရဲ့ ရောဂါအကြောင်း ယူယောင်းရဲ့အားနည်းချက်အကြောင်းကို ...

" စီနီယာဘယ်လိုလုပ် ... "

" မင်းအဖေ ဖုန်းဆက်ပြီးအကူအညီတောင်းထားတာ ... ကူပြောပေးဖို့ကို "

သားသမီးအကြောင်းကို သိပ်သိတဲ့ အဖေပဲ ... ကိုယ်တိုင်ပြောတာ လုံးဝပြောမရတာကြောင့် ယူယောင်းနေမင်းကြီးကိုပြောခိုင်းတာ ...

" အစာအိမ်ကင်ဆာပဲဟာ ... ပြီးတော့ ခွဲစိတ်လိုက်ရင်ကောင်းသွားမှာ .. ဘာလို့ပေကပ်ပြီးနေနေတာလဲ ယူယောင်း "

ညင်သာပြောလာတဲ့ လီဆာရဲ့ စကားသံတွေ အိပ်မက်များလားတောင်ထင်ရတဲ့ အခိုက်အတန့်ပဲ .. ရင်ဘက်ထဲက နှလုံးသားလေး သိပ်ကိုခုန်နေတာ လီဆာကတော့ သတိထားမိပုံမပေါ်ဘူး ...

" ဓါး ... ဓါး ကြောက်လို့ ... အဲဒါကြောင့် "

" တစ်ဘဝလုံးစာအတွက် တစ်ခဏလေးတောင် မရင်းချင်ဘူးလားယူယောင်း ... သေချာစဉ်းစားပါ ... ငါ့ဆန္ဒကတော့ အဲဒါပဲ ... အခုတော့ပြန်တော့မယ် ... "

ဒီလိုချိုသာတဲ့ စကားသံတွေကြားနေရတဲ့အခိုက်အတန့်  အိပ်မက်သာဆို မနိုးထချင်တော့ဘူး ... အိပ်မက်မဟုတ်တော့လည်း အချိန်တွေကိုရပ်ထားချင်မိတယ် ...

ထွက်သွားတဲ့ လီဆာကိုလိုက်ငေးမကြည့်နိုင်‌တော့ဘူး ချိုသာစွာပြောလာတဲ့ စကားသံတွေမှာ ယူယောင်း နစ်မြောသွားပြီ ... နေရာမှာတင်ကျောက်ရုပ်တစ်ရုပ်လိုရပ်နေမိသည်။ ဝုန်းဒိုင်းကြဲနေတဲ့ ရင်ခုန်သံတွေက သိပ်ကိုထိန်းချုပ်ရခက်တာပဲ ...

ဒီနေ့လေးကတော့ ယူယောင်းအတွက် အပျော်ရွှင်ရဆုံးဆိုတာကို ခံစားမိတဲ့နေပဲ သေတဲ့နေအထိမေ့နိုင်မယ်မထင်ဘူး ...

       ***

" ဟူးးး ... မောလိုက်တာ ပြောစရာရှိတယ်ဆို ဘာပြောမလို့လဲဟင် မ ... "

ကျောင်းနဲ့ အလုပ်ကိစ္စတွေနဲ့ မအားလပ်ပေမယ့်လို့ ချစ်ရတဲ့ ဂျီဆူးအတွက်တော့ ချယ်ယောင်း အမြဲအချိန်ပေးဖြစ်တယ် ... အခုလည်း စက်ရုံမှာ လုပ်ငန်းတွေလေ့လာနေတုန်း .. ပြောစရာရှိတယ် ချိန်းတဲ့ကော်ဖီဆိုင်ကိုလာခဲ့ဆိုတဲ့ စကားနဲ့တင် အပြေးလေးရောက်လာခဲ့တာ ...

I found YouWhere stories live. Discover now