Chapter - 27

1.9K 215 25
                                    

Unicode 🌻🌻

လီဆာ ကျောင်းထဲစဝင်လာကတည်းက လူတိုင်က လီဆာကို ကွက်ကြည့်ကွက်ကြည့်လုပ်ရင်း တီးတိုးပြောဆိုနေသည်ကို လီဆာသတိထားမိပေမယ့် အားလုံးကို လျစ်လျူရှုထားရင်းသာ ကိုယ့်လမ်းကိုဆက်လျှောက်လာခဲ့သည်။

" လီဆာ လီဆာ .... "

နောက်ကနေလှမ်းခေါ်နေတာကြောင့် လီဆာလှည့်ကြည့်လိုက်တော့ လီဆာရဲ့ သူငယ်ချင်း ဖြစ်သူ  အင်ဆယ်ဗြောလ် ဖြစ်နေသည်။ သူငယ်ချင်းဆိုတာလည်း အရမ်းခင်မင်တာမျိုးမဟုတ် ... စာအ‌ကြောင်း ‌နားမလည်တဲ့အခါ တစ်‌ယောက်တစ်ပြန် ရှင်းပြသည့်အချိန်မှလွဲရင် ကျန်တဲ့အချိန်တွေဆို မသိတဲ့လူတွေလိုသာ ဆက်ဆံကြခြင်းမျိုး ...

" နင် တကယ်ကြီးလား .... "

အဆုံးမရှိအစမရှိမေးလာသော ဆယ်ဗြောလ်စကားကို လီဆာ ‌နားမလည်တာကြောင့် ဘာကိုဆိုလိုတာလဲ ပုံစံမျိုးနဲ့သာ ကြည့်နေသည်။

" ဘာကိုမေးတာလဲ ဆယ်ဗြောလ် "

" နင်မသိသေးဘူးလား ... ငါ့တို့ကျောင်းရဲ့ ကျောင်းသားစုဖွဲ့ထားတဲ့ group လေ ... "

" အဲဒါဘာဖြစ်လို့ "

" အဲမှာတင်ထားတဲ့ နင့်သတင်းက တစ်ကျောင်းလုံးပျံ့နေပြီ "

" ငါ့သတင်း ... ဘာသတင်းလဲ "

ဆယ်ဗြောလ်ဖုန်းကို ထုတ်လိုက်ရင်း လီဆာကို ထိုးပေးလိုက်သည်။

" နင်နဲ့ ကိုရီးယားရဲ့ ထိပ်တန်းကုမ္မဏီက တစ်ဦးတည်းသော သမီးဖြစ်သူ ပတ်ယူယောင်းနဲ့ တွဲနေတဲ့သတင်းတဲ့ ... နမ်းနေတဲ့ပုံတောင်ပါသေးတယ် "

ဆယ်ဗြောလ်ပြလာတာကိုသေချာကြည့်လိုက်တော့ ‌ကော်ဖီဆိုင်ရှေ့ကပုံတွေ ... ယူယောင်း လီဆာကို ဖတ်ထားသည့်ပုံတွေကို ဘေးတိုက်ရိုတ်ထားသည့်ပုံတွေ အပြင် ခဏလေးနမ်းနေသည့်ပုံကိုပါအမိအရ ရိုတ်ထားသေးသည်။

" သတင်းကိုစိတ်ဝင်စရာကောင်းအောင်တော့ရေးတတ်သားပဲ .... လာပြောပြပေးလို့ ကျေးဇူးပဲ ဆယ်ဗြောလ် ... "

" သတင်းအမှားကြီးမလား နင်မဖြေရှင်းတော့ဘူးလား "

" နေပါစေ ... ထင်ချင်ရာထင်ပါစေ ... မကြာခင်ပဲ ဒီကျောင်းကနေ ငါကနှုတ်ဆက်ရတော့မှာ လိုက်ပြီးလည်းဖြေရှင်းမနေချင်ဘူး ... ငါမအားသေးဘူး သွားတော့မယ် "

I found YouWhere stories live. Discover now