Chapter - 20

2.7K 248 16
                                    

Unicode 🌻🌻

" စီနီယာ ... နောက်နေ့ကျ ပထမဆုံး စီနီယာ တရားခွင်မလား ... "

" အင်း ... အဲတော့ "

ရှေ့မှာ စာစစ်နေတဲ့ လီဆာမျက်နှာကို တဝကြီးငေးကြည့်ရင်း မေးလိုက်တဲ့စကားပေမယ့် ယူယောင်းရဲ့ နေမင်းကြီးကတော့ စာတွေပေါ်ကနေအကြည့်မခွာခဲ့ ....

" ဒါဆို အဲနေ့ကျ ကျမလာခဲ့လို့ရမလားဟင် ... ဒီအတိုင်း မကြာခင် ကိုယ်တိုင်ကြုံတွေ့ရမှာဆိုတော့ လေ့လာလို့ရတာပေါ့ "

ကြိုတင်လေ့လာချင်တာနည်းနည်းပါ စီနီယာအမှုလိုက်တာ ဘယ်လောက်ထိ စတိုင်လ်ကျတယ်ဆိုတာ ငေးကြည့်ချင်လို့ ...

" မင်းသဘောလေ ... မင်းရဲ့လွတ်လပ်ခွင့်ပဲဟာ "

" ဟုတ်ကဲ့ ... "

ဘယ်လိုလုပ်မှ ဒီရှေ့က လူသားလေးကို ယူယောင်းအပိုင်ရနိုင်မှာလဲ ဆိုတာ သိချင်မိသည်။ ဘယ်လိုပဲလုပ်ရလုပ်ရ ယူယောင်းအပိုင်ဖြစ်လာဖို့ဆို ဘာပဲလုပ်ရလုပ်ရ အဆိုးဆုံးပြောရရင် လောကကြီးမှာ အဆိုးရွားဆုံး ဗီလိန်ပဲ လုပ်ရပါစေဦး ... လာလီဆာဆိုတဲ့ လူသားလေးသာ ကိုယ့်အပိုင်ဖြစ်လာမယ်ဆိုရင် ဘာပဲလုပ်ရလုပ်ရ လုပ်မှာ ... အချစ်ဆိုတာ ယူယောင်းအတွက်တော့ အတ္တကြီးခြင်းပဲ ....

      ***

" လီလီ‌လေး ... ထတော့လေ ... "

ပထမဆုံးတရားခွင်ရှိပါတယ်ဆိုနေမှ အိပ်နေလိုက်တာ နှိုးတာအခုနဲ့ဆို နှစ်ခေါက်ရှိပြီ အခုထိကိုထမလာသေးဘူး ...

" လီလီထတော့ဆိုကွာ ... "

" ဟာ ... မမကလည်း မထချင်သေးဘူး "

မျက်လုံးကမပွင့်သေးပဲ စောင်ကိုခေါင်းအထိဆွဲခြုံလိုက်ရင်း ပြန်ပြောလာတဲ့ လီလီကို ဒီတစ်ခါတော့ ‌အလျော့ပေးလို့မရဘူး အလျော့ပေးလိုက်ရင်နောက်ကျတော့မှာ ...

" ထကွာ မထရင် ... လီလီနဲ့ တစ်ပါတ်လုံးစကားမပြောတော့သလို အသားလည်း ထိခွင့်မပေးတော့ဘူးနော် "

ခြိမ်းခြောက်ပြောလိုက်တော့မှ ငေါက်ခနဲထထိုင်ရင်း မျက်နှာချိုသွေးပြုံးပြနေသေးတယ် ... ဘယ်လိုဟာလေးမှန်းမသိဘူး  ...

I found YouWhere stories live. Discover now