တစ်ဖက်ခန်းမှ သက်ပြင်းချသံသဲ့သဲ့ကိုကြားလိုက်ရသည်။အိပ်နေရင်း အမေကိုက်ခဲပြန်ပြီထင်တယ်။ အင်ကြင်းမေပါရောယောင်ကာ သက်ပြင်းဖွဖွချလိုက်သည်။ အားကိုးရာလင်ယောင်္ကျားမရှိတော့သော မုဆိုးမတစ်ယောက်အနေနဲ့ သားသမီးတစ်ယောက်ကိုပြုစုပျိုးထောင်ရတာ အမေလွယ်ကူမည်မဟုတ်။ အဖေ့လက်ထပ်လုပ်ရင်းဖြစ်သော
ဆေးလိပ်ခုံရှိသည်ဆိုသော်ငြား အရင်က အဖေဦးဆောင်ဦးရွက်ပြုကာ လင်မယားနှစ်ယောက်အတူလုပ်ခဲ့သောစီးပွားရေးသည် ယခုအမေတစ်ယောက်ထဲလုပ်ကိုင်နေခဲ့ရသည်မို့ အရင်လိုအခြေအနေမရှိတော့။ ချမ်းသာသည်ဟုနာမည်ကြီးသော်လည်း
အမေပင်ပန်းနေသည်မှာ အင်ကြင်းမေသာသိသည်။ အင်ကြင်းမေအားလျှင် ဝင်ကူသော်လည်း ယခုတော့ အင်ကြင်းမေကလဲရှိပြန်မည်မဟုတ်တော့။ ညီမလေးယမင်းမေကလဲ ယခုမှ ၈တန်းကျောင်းသူသာရှိသေးသည်။အမေ့၏သက်ပြင်းချသံတွင် အင်ကြင်းမေအတွက်လဲပါမည်ထင်၏။“ သမီး ကျောင်းဆက်တက်ချင်ပေမယ့်
အမေကအဆင်ပြေပါ့မလား ”“ ဘာမပြေစရာရှိလဲ အမေတို့မှာငွေကြေးလုံလုံလောက်လောက်ရှိပါတယ် တစ်မြို့တစ်ကျေးမှာင့ါသမီးမျက်နှာမငယ်စေရဘူး ”
အမေ့၏စကားသံမှာထက်သန်နေသော်လည်း မျက်ဝန်းတွင်တော့ညိုးငယ်နေသည်ကို ခံစားမိသည်။အင်ကြင်းမေကလဲ
မန္တလေးမှာမှကျောင်းတက်ချင်သည်။“ ဒါကိုပြောတာမဟုတ်ဘူးအမေ အမေတစ်ယောက်ထဲဆေးလိပ်ခုံကိုထိန်းနိုင်ပါ့မလား။
ညီမလေးကလဲ ငယ်သေးတယ် သူဝင်ကူနိုင်ဦးမှာမဟုတ်သေးဘူး ”“ သမီးအဖေမရှိထဲက အမေတစ်ယောက်ထဲလုပ်ကိုင်လာတာပါ တိုင်တိုင်ပင်ပင်ပြုစရာငါ့သမီးမရှိတော့ပေမယ့်လဲ အမေထိန်းနိုင်ပါတယ်။ အကုန်လုံးကလူရင်းတွေပဲလေ အမေမပင်ပန်းပါဘူး ”
အင်ကြင်းမေ၏မျက်ဝန်းတို့တွင်အရည်လဲ့ကာစိုစွတ်လာသည်။ တစ်ခါမှခွဲခွာကာမသွားဖူးသည်ကြောင့်ရော၊ အမေတစ်ယောက်ထဲရုန်းကန်နေရမည်လားဟုတွေးမိသည်ကြောင့်ရော ရင်ထဲတင်းကြပ်ကာဝမ်းနည်းလာသည်။
အမေ့ရင်ခွင်ကြားတိုးကာ ငိုချမိတော့ အမေကပါရော၍ငိုလေသည်။ညီမလေး ယမင်းမေသည်လည်း အမေဖြစ်သူနဲ့အစ်မဖြစ်သူကိုကြည့်ကာ သူလဲမျက်ရည်ဝဲနေ၏။
YOU ARE READING
တည်စေသော်.. {Complete}