အခန်း ၁၇

2.7K 281 11
                                    


   ပတ်ဝန်းကျင်တစ်ခုလုံးမဲမှောင်နေ၏။ပတ်ဝန်းကျင်သည် သူ၏နိယာမအတိုင်းညအချိန်
မို့မှောင်သည်။အင်ကြင်းမေကတော့ မမှောင်ချင်ပဲမှောင်ရသည်။အလင်းသည် သူမ၏ကမ္ဘာမှာမရှိတော့။

နှလုံးသားမဲ့သည်ဟု ကျောင်းတုန်းကနာမည်ကြီးခဲ့သော အင်ကြင်းမေမဟုတ်တော့ပါလေ။နည်းနည်းလေးမှ တင်စီးမခံပဲ လူတကာအပေါ်ရန်ပြန်လုပ်နိုင်ခဲ့သောအင်ကြင်းမေလည်းမဟုတ်တော့။စိတ်လွှတ်ချခဲ့ရသည်မှာ ကြာခဲ့လေပြီ။

" သားမာန်အိပ်ပြီလား "

မောင်လေးထွန်း၏အသံသည် ထမင်းစားခန်းဆီမှထွက်ပေါ်လာသည်။ယနေ့ မောင်လေးထွန်း အစောပြန်ရောက်သည်။ ထူးထူးခြားခြားထမင်းစားချင်သည်ဟုဆို
သည်မို့ ခူးခပ်ကျွေးရသည်။

" သားငယ်ကအမြဲအစောအိပ်တတ်
တယ် "

သူမသိဟုထင်၍ ပြောပြသည်။တစ်ကယ်လည်း သူမသိပေ။ မောင်လေးထွန်းကို ခေါင်းကိုညင်သာစွာညိမ့်ကာ ‌ခေါင်းငုံ့၍ ထမင်းပြန်စားနေသည်။

" ဒီနေ့ ရုံးမှာ အလုပ်သိပ်မများဘူးလေ။ မမခူးကျွေးတဲ့ထမင်းဝိုင်း မစားရတာလဲကြာလို့ "

" မင်းသာဆန္ဒရှိရင်ခူးကျွေးပါတယ်။မင်းရဲ့ဇနီးပဲမလား "

ထေ့ငေါ့သောစကားအား မောင်လေးထွန်းမသိချင်ယောင်ဆောင်ကာပြုံးလိုက်သည်။ မမကို ယူမိတာမှားလားဟု တွေးမိပေါင်းလည်းမနည်း။အိမ်ထောင်သက်တမ်းခုနှစ်နှစ်ကျော်မှာ " မင်း " ဟူသောနာမ်စားကိုပင် ပုံသေခေါ်ခဲ့သည်မဟုတ်လား။ဒီ့ထက် နားဝင်ချိုမယ့်စကားလုံးမသုံးတတ်ဘူးထင်သည်။

မမ သူ့ကိုမချစ်တာသိသည်။သို့သော် သူချစ်သည်။ချစ်လွန်း၍ အခွင့်အရေးယူခဲ့သည်။ မမကအတင်းတောင်းပန်သော်လည်း သူနားမထောင်ခဲ့။ မမကိုရပြီးရင် ပျော်ရွှင်အောင်ထားနိုင်မည်ဟု သူ့ကိုယ်သူယုံကြည်သည်။ သူနှင့်ရပြီးနောက်လည်း မမသည်အမြဲပြုံးသည်။စိတ်ဆိုးသည်လဲမရှိတော့။ အစက
တော့ မမပျော်ရွှင်သည်ဟုထင်သည်။သို့သော် ထိုအတွေးသည် လုံးဝမှားနေမှန်းရိပ်မိလာသည်။

မမသည် တစ်ယောက်ထဲရှိသည့်အခါ ငိုင်ချင်ငိုင်နေတတ်သည်။ငိုင်လျှက်က မျက်ရည်ကျချင်ကျနေသည်။တစ်ခါတစ်ခါ အတွေးများနေတတ်သည်။တွေးရင်းက ပြုံးနေသည်များလည်းရှိသည်။ထိုအပြုံးသည် မမ၏မျက်နှာထက် နေ့စဉ်ပြုံးနေသောအပြုံးများနှင့်မတူမှန်းသိလာသည်။နေ့စဉ်ပြုံးနေသောအပြုံးများသည် မပြုံးချင်ပဲတမင်လုပ်ယူထားသော အပြုံးများ။

တည်စေသော်.. {Complete}Where stories live. Discover now