အခန်း ၁၀

3.3K 340 8
                                    

    အသားကညိုစိမ့်စိမ့်၊ဆံပင်များကခွေ‌ခွေ၊ထမီကို ခြေမျက်စိအနားအပေါ်ထိ၊ပုံမှန်အားဖြင့် တိုလောက်အောင် ဝတ်ထားသော ကျောင်းသူတစ်ယောက်သည် သိပ္ပံဆောင်ဘက်မှ ပင်မဆောင်ဆီသို့ ခြေလှမ်းကို ခပ်သွက်
သွက်လှမ်းကာ နောက်ကိုလှည့်ကြည့်လှည့်ကြည့်ဖြင့်သွားနေသည်။

ပုံစံအားဖြင့် ခေတ်မဆန်သော်လည်း သေချာကြည့်လေ လှလေဖြစ်သည်။
သူမ၏ ဗရုတ်သုတ်ခပုံစံကပင် ဆွဲဆောင်မှုတစ်မျိုးလိုဖြစ်နေသည်။ ပျက်တက်တက်ဆန်သော အသွင်မဆောင်ချေ။

" မျိုးမမ ဒီစာလေးယူသွားပါ "

ထိုအမျိုးသမီးနာမည်မျိုးမမဖြစ်မည်။မျိုးမမ၏ နောက်မှ လူတစ်ဦးက ပုဆိုးကို လက်တစ်ဖက်ကကိုင်ကာ တစ်ခြားလက်တစ်ဖက်က စာကိုကိုင်မြှောက်ထားသည်။ပါးစပ်ကလည်း မျိုးမမ ဒီစာလေးယူသွားပါဟု တရစပ်အော်နေသည်။သူ၏လည်ကတုံးအဖြူသည် အဖြူရောင်ဟုပင်မထင်
ရအောင်  မည်းညစ်ညစ်ဖြစ်နေသည်။

မြန်မြန်လျှောက်နေသော မျိုးမမ၏
ခြေလှမ်းတို့ တုန့်ကနဲ ရပ်သွားသည်။
ထိုလူက မျိုးမမနံဘေးနား အလျင်စလိုရပ်လိုက်သည်။

" စာလေးယူမလို့လားဟင် "

ခါးမှကျွတ်လုနီးပါး ပုဆိုးအားကိုင်ကာ စာကိုအတင်းထိုးပေးသည်။ပြေးလိုက်နေရသောကြောင့် ကျလုကျခင် မျက်မှန်ကိုလည်း လက်မအားသဖြင့် ပင့်မတင်နိုင်သေး။နောက်လက်တစ်ဖက် အပိုပါလျှင်တော့ အဆင်ပြေလိမ့်မည်။

" ‌ဇော်ဝင်း နင်ဆက်လိုက်လာရင် ငါ ပါချုပ်အထိတက်တိုင်မှာနော် "

" တက်ချင်တဲ့နေရာတက်ပါဟာ စာလေးတော့ယူသွားပါ။ငါတစ်ကယ်အရဲစွန့်ထားတာမို့ပါ ယူနော် "

ထိုဗရုတ်သုတ်ခပုံစံကို တင်ထွေးရီက လှမ်းကြည့်ရင်း အူကြောင်ကြောင်ကောင်ဟုပြောလေသည်။နွဲ့အေးက တင်ထွေးရီအား နှာခေါင်းရှုံ့သည်။

" နင့်ကိုစာလိုက်ပေးရင်တော့ လက်ခံမှာမလား "

" ဒီလိုကောင်ကိုတော့လက်ခံစရာလားအေ။ယောင်္ကျားများပေါလို့။သူ့ပုံစံကြည့်ပါလား အတေအလေကောင်ဆိုတာအသိသာကြီး ဒီလိုလူကိုတော့ အနာဂတ်ထဲမထည့်နိုင်ပါဘူး "

တည်စေသော်.. {Complete}Tempat cerita menjadi hidup. Temukan sekarang