အခန်း ၆ [ZG]

918 33 2
                                    

အချစ်ဆိုတာဘယ်ကနေဆင်းသက်လာသလဲမသိပေ။မိုးပေါ်ကပဲကျလာသလား၊ မြေကြီးထဲကပဲနှိုက်လို့ရသလား။ အစိုင်အခဲတစ်ခုလို ရှိလျှင်တော့
အချစ်ဆိုတာဒါကြီးလားဟု အကြိမ်
ကြိမ်ကိုင်ကာစူးစမ်းမိမည်။

အချစ်ဆိုတာငရုပ်သီးနဲ့တူတယ်ဟု တစ်ခါက တင်ထွေးရီပြောဖူးသော စကားကိုလည်း အမှတ်တရရှိသည်။

ပြောရကြေးဆို အင်ကြင်းမေမှာ မနူးမနပ်အရွယ်သာရှိသေးသည်။ အသက်နှစ်ဆယ်ဝန်းကျင်မိန်းကလေးတစ်ယောက်ဖြစ်သော်လည်း ရင်ဘတ်ထဲထူးထူးခြားခြားလှုပ်ရှားမှုမျိုးမရှိခဲ့ဖူးသေး။ ဆရာမ မြထွေးယဉ်၊ ဆရာမ မြထွေးယဉ်နှင့်ပက်သက်လျှင်တော့ တစ်ခုခုကိုခံစားမိနေသည်ကို သတိ
ထားမိသည်မှာကြာပြီ။

တစ်လကျော်သောရင်းနှီး နီးကပ်မှုက အင်ကြင်းမေအား တစ်သက်လုံးရိုက်ခတ်လိမ့်မည်ဟု ဒီတုန်းကတော့ မသိခဲ့သေး။

မေရေ မြို့ထဲသွားရအောင်လား

ကျောင်းပိတ်ရက်ဆိုလျှင် အင်ကြင်းမေတို့အုပ်စုက တစ်ပတ်တစ်ရက်လောက်တော့ အပြင်ထွက်မြဲ။

မေ ငါပြောတာကြားရဲ့လား။ အကြည်နဲ့နွဲ့အေးကအောက်မှာစောင့်နေပြီ

မနေ့ညက စစ်ကြည့်မိသော ပိုက်ဆံအိတ်ထဲက ငွေသုံးရာကိုပြန်မြင်မိကာ သက်ပြင်းတစ်ချက်ချလိုက်သည်။ဒီပုံအတိုင်းသာဆို အိမ်ကိုငွေတိုးတောင်းမှ ဖြစ်လိမ့်မည်။ သို့သော်လည်းအင်
ကြင်းမေမှာ အမေ့ကိုမပြောချင်၊ မျက်နှာပူလှသည်။ ဆေးလိပ်ခုံ အခြေအနေသိပ်မဟန်တာကို အမေ မပြောသော်လည်း အင်ကြင်းမေရိပ်မိနေသည်။

သို့သော် အပေါင်းအသင်းကြားထဲ မိမိတစ်ယောက်ထဲ မလိုက်ဟုဆိုလျှင် သိပ်ကြည်ကြမည်မဟုတ်။အကြည်တောင်လိုက်သည်ဆိုတော့လည်း အင်ကြင်းမေ မလိုက်ဟုငြင်းလျှင် တင်ထွေးရီတို့က မဆင်မခြင် ပြောချင်ရာပြောကြလိမ့်မည်။

လမ်းစရိတ်တစ်ဆယ်အပါအဝင်ငွေတစ်ရာကို ယူကာ အဆောင်အောက်သို့ဆင်းလာလိုက်သည်။

ဟယ် အမေ

မထင်မှတ်ပဲအမေ့ကိုတွေ့လိုက်ရသည်မို့ အင်ကြင်းမေအံ့ဩသွားသည်။

တည်စေသော်.. {Complete}Where stories live. Discover now