အခန်း ၂၁

2.9K 267 0
                                    

  " မောင်ခရီးထွက်စရာရှိတယ် "

အင်ကြင်းမေက အင်းမလုပ်၊အဲမလုပ်။
မောင်လေးထွန်းက အင်ကြင်းမေကိုတစ်ချက်ကြည့်ကာ ပြောမည့်စကားကိုဆက်ပြောသည်။

" တောင်ကြီးဘက်ကိုသွားရမှာ၊ တစ်ပတ်လောက်တော့ကြာမယ်။ မောင် သွားနေတဲ့အချိန်အတွင်း ရုံးကကုလားလေးကိုအိမ်မှာ ထားခဲ့မယ်နော် "

" ဘာဖြစ်လို့ထားခဲ့မှာလဲ "

" တစ်ခုခုခိုင်းချင်ခိုင်းလို့ရတာပေါ့။ ကားမောင်းတာပဲဖြစ်ဖြစ်၊တစ်ခြားတောက်တိုမယ်ရပဲဖြစ်ဖြစ် "

" မလိုပါဘူး ခေါ်သွားပါ "

" ခေါ်သွားလို့မရလို့ပါမမရယ်။သူကလည်းမလိုက်ချင်ဘူးတဲ့။ ဒီတော့အိမ်မှာပဲထားခဲ့မယ် မခိုင်းချင်လည်း အိမ်စောင့်လေးဘာလေးရတာပေါ့ "

အင်ကြင်းမေကဘာမှဆက်မပြောတော့။သိပ်အရေးမကြီးသည်မို့ ထွေထွေထူးထူးလည်း မပြောချင်။

" မောင်မရှိတုန်း ကိုကျော်အောင်လာရင်လည်း ဂရုတစိုက်လေးဧည့်ခံလိုက်ပါမမရယ်။ ရင်းနှီးခဲ့ကြဖူးတဲ့  ငယ်သူငယ်ချင်းတွေပဲ နော့် "

နောက်တစ်နေ့မနက်စောစောမှာပင် မောင်လေးထွန်း ခရီးထွက်သွားလေသည်။မိုးလင်းသည်နှင့် မောင်လေးထွန်းတပည့်ကုလားလေးလည်း ရောက်လာသည်။လက်ထဲမှာလည်း အိတ်အမည်းတစ်လုံးနှင့်။

တိုက်တိုက်ဆိုင်ဆိုင်ပင် ကျော်အောင်ကလည်း မနက်အစောကြီး ရောက်လာသည်။

" ဟေ့ မေ "

" နင်ကဘာလာလုပ်တာလဲ "

" မေရယ် ကိုယ့်အိမ်လာတဲ့ဧည့်သည်ကိုကြိုတဲ့စကားကလည်း ရင့်သီးလိုက်တာနော် "

" အဲ့တာဆိုရင်လည်းတောင်းပန်တယ်၊ မနက်စောစောလာတယ်ဆိုတော့ ကိစ္စများရှိလို့လား "

" ကိစ္စကတော့ မောင်လေးထွန်းက ငါ့ကိုတစ်နေ့ကဖုန်းဆက်တယ်၊ သူခရီးသွားမှာမို့ သူ့ဇနီးပျင်းနေမှာစိုးလို့ အဖော်လုပ်ပေးပါဦးတဲ့။ မနက်ဈေးသွားမယ်ဆိုလည်း လိုက်ပို့ပေးပါတဲ့ "

" မလိုပါဘူး၊ အရင်ကလည်း ကိုယ့်ဘာသာသွားနေကျပါ "

" ဒါတော့ငါမသိဘူး၊ မောင်လေးထွန်းမှာခဲ့လို့ ငါရောက်လာတာပဲ "

တည်စေသော်.. {Complete}Where stories live. Discover now