အဘကိုရေလေးတစ်ခွက်လောက်ပါကွယ်
မသတ်ပါနဲ့၊မသတ်ပါနဲ့...အဖေ့ကိုမသတ်ပါနဲ့
ပါးစပ်ပိတ်ထားစမ်း။နင့်ပါသတ်ပစ်ရမလား
မလုပ်ပါနဲ့ အဖေ့ကိုမလုပ်ပါနဲ့
မေ။ မေရေ...ထ ထ
ခန္ဓာကိုယ်ကိုအတင်းလှုပ်ယူခြင်းခံနေရ၍ အသိစိတ်များကပ်ကာ မျက်လုံးကိုစုံဖွင့်၍ အိပ်မက်ကြမ်းဆီမှရုန်းထွက်လိုက်သည်။
ရေသောက်လိုက်ဦး
အကြည်ကမ်းပေးသော ရေခွက်အားတုန်ရီနေသောလက်ဖြင့်လှမ်းယူကာ တစ်ကျိုက်ထဲမော့သောက်လိုက်သည်။ပြီးနောက် နဖူးပေါ်တင်နေသော ချွေးများအား လက်ဖြင့်အသာအယာသုတ်လိုက်သည်။
ဒီအိပ်မက် မမက်တာဘယ်လောက်ကြာနေပြီလဲ။ ခုပြန်မက်နေပြန်ပြီလား
အင်ကြင်းမေအသာအယာခေါင်းငြိမ့်ပြလိုက်သည်။ပြန်ဖြေရန်အားအင်မရှိသေး။
ဒါ ဟိုကျော်အောင်ကြောင့်ပဲနေမှာ။ ကျော်အောင့်ကိုတွေ့ပြီးတိုင်း မေကဒီအိပ်မက်ကိုပြန်ပြန်မက်တယ်
တင်ထွေးရီပြောနေသောစကားများအား ကြားသော်လည်းဆက်မဆွေးနွေးချင်သည်မို့
ငါအဆင်ပြေပါတယ်။နင်တို့ပြန်အိပ်ကြတော့။မနက် အတန်းတက်ရမှာ အိပ်ရေးပျက်နေဦးမယ်
တင်ထွေးရီတို့ကသူတို့အိပ်ယာဆီသို့ပြန်သွားကြသော်လည်း အကြည်ကစိတ်မချသောမျက်လုံးများဖြင့်ကြည့်နေသည်မို့ စိတ်ချရန်ခေါင်းငြိမ့်ပြကာ
ခေါင်းအုံးထက်သို့ပြန်လည်နေရာယူလိုက်သည်။သို့သော် တစ်ညလုံးအိပ်ပျော်တော့မည်မဟုတ်မှန်းစိတ်ကသိသည်။တစ်ကယ်လည်း အိပ်မပျော်ခဲ့ပါချေ။ဆရာမဒေါ်မြထွေးယဉ် အတန်းထဲသို့ဝင်လာတော့ အင်ကြင်းမေခေါင်းထောင်ကြည့်လိုက်သည်။ဆရာမ၏ ဆံထုံးထက်ဝယ်ဆင်မြန်းထားသော သို့မဟုတ် အင်ကြင်းမေကိုယ်တိုင်ပန်ဆင်ပေးထားသော နှင်းဆီရဲရဲလေးကိုတွေ့လိုက်ရသည်မို့စိတ်ကြည်ရွှင်ကာ ပြုံးလိုက်သည်။
မိုက်မဲတယ် ထင်ချင်ထင်တော့
ဘယ်သဇင် မသေဆုံးပါသလဲ့
ရှင်သန်တုန်း လှပမွှေးရီ
နှင်းဆီရဲ့ အချစ်တရား
YOU ARE READING
တည်စေသော်.. {Complete}