အခန်း ၉ [ZG]

832 23 2
                                    

  မိန်းကလေးက သူ၏လက်ဖဝါးနုနုဖြင့်မျက်နှာကိုအုပ်ကာ ငိုကြွေးလေသည်။မိန်းကလေး၏ ရှေ့တည့်တည့်မှ ယောင်္ကျားလေးက ခြေမကိုင်မိလက်မကိုင်မိပုံစံဖြင့် ပတ်ဝန်းကျင်ကိုဝေ့ကြည့်လိုက်၊မိန်းကလေးကိုချော့လိုက်ဖြင့်အလုပ်များနေသည်။နှလုံးသားပြဿနာထင်ပါ၏။

ထိုသူတို့၏နံဘေးတွင်တော့ ကောင်လေးပုခုံးပေါ် ကောင်မလေးက သူ၏ခေါင်းလေးကိုမှီကာ အရှေ့မြက်ခင်းပြင်ကိုလက်ညိုးထိုးပြလိုက်၊ ကောင်လေး၏လက်မောင်းတုတ်တုတ်အားမနာအောင်ရိုက်လိုက်ဖြင့် ပြုံးရွှင်နေသော အတွဲလေးတစ်တွဲအားတွေ့ရပြန်သည်။နှလုံးသားအာဟာရထင်ပါ၏။

ထိုသူတို့၏ခပ်ဝေးဝေးတစ်နေရာ၊ အရိပ်ကောင်းကောင်းရသော သစ်ပင်အောက်တွင် နှစ်ယောက်ထဲမဟုတ်သော အင်ကြင်းမေတို့သူငယ်ချင်းတစ်စုက မြက်ခင်းပြင်ပေါ်ဖင်ချထိုင်ကာ ရောက်တတ်ရာရာငေးနေကြသည်။

" စိတ်ချလက်ချ ကြည်ဖြူစေချင်....မြေပေါ်တွင်သူပဲ စွဲလို့သာခင်.... သစ္စာတော်ပါးမသွေတမ်းခင်...တူနှစ်ကိုယ်အသဲရွှေဆိုင်မြဲခိုင်ခိုင်....ပေါင်းဖက်လို့စိတ်မှာမျှော်မြင်...."

တင်ထွေးရီက သူ၏ပါရမီမပါလှသော အသံဖြင့် ရုတ်တရက်သီဆိုလေသည်။
တင်ထွေးရီကို အားပေးသည့်အနေဖြင့်
အင်ကြင်းမေတို့က နှာခေါင်းရှုံ့လိုက်သည်။

" စိတ်ချလက်ချ ကြည်ဖြူစေချင်....မြေပေါ်တွင်သူပဲ စွဲလို့သာခင်.... သစ္စာတော်ပါးမသွေတမ်းခင်...တူနှစ်ကိုယ်အသဲရွှေဆိုင်မြဲခိုင်ခိုင်....ပေါင်းဖက်လို့စိတ်မှာမျှော်မြင်...."

" အဲ့တာဘာသီချင်းလဲဟ "

" မေရှင်ရဲ့သီချင်းပေါ့ "

" ခေတ်ဟောင်းသီချင်းကြီး "

" ဒါမယ့် ကြိုက်လို့ပါဟယ်။နားထောင်လို့ကောင်းတယ်မဟုတ်လား "

" သီချင်းကကောင်းပါတယ်။နင်ဆိုတာကမကောင်းတာ "

ကြားနေကျစကားဖြစ်၍ထင်သည်။တင်ထွေးရီက စိတ်ဆိုးဟန်မပြ။သူ၏သီချင်းအား ခပ်တိုးတိုးပင် ဆက်ညီးနေပြန်သည်။

သစ်ပင်စိမ်းစိမ်းစိုစိုတို့ တန်းစီဝန်းရံထားသော ဘိလပ်မြေခင်းလမ်းဖြူးဖြူးအပေါ်၌ အင်ကြင်းမေ ခပ်သွက်
သွက်လမ်းလျှောက်လာသည်။

တည်စေသော်.. {Complete}Where stories live. Discover now