စာအုပ်ကို ဘုတ်ခနဲမြည်အောင် ပစ်ချလိုက်သော အသံသည် ဟိန်း၍ထွက်လာသည်။အကြည်က အင်ကြင်းမေကို မေးဆတ်ပြသည်။အင်ကြင်းမေက ပြန်၍ ခေါင်းခါပြလိုက်သည်။အတန်းတစ်ခုလုံးလဲ ငြိမ်သက်၍နေသည်။" ဒီအရွယ်မှာ သမီးရည်းစားပြဿနာကို အထူးမပြောလိုပါဘူး ဒါမယ့် "
ဒေါ်မြထွေးယဉ်၏အသံက ဟိန်းထွက်လာသည်။စကားပျိုးကိုကြည့်ပြီး အခြေအနေကို ရိပ်စားမိလိုက်သည်။
အမှန်တော့ ဒီပြဿနာဖြစ်နေသည်မှာ အချိန်အတိုင်းအတာတစ်ခုရှိပြီဖြစ်သည်။ပြဿနာမှာ ကျောင်းသားကျောင်းသူများအကြား အထူးရေးပန်းစားသော ရည်းစားကိစ္စပင်ဖြစ်သည်။
ဝိဇ္ဇာဆောင်နှင့်သိပ္ပံဆောင် ပြဿနာဟုပင် ပြောရမလိုဖြစ်နေသည်။ဖြစ်ပုံက
မထူးခြား။သို့သော် ပြဿနာက မီးလို အဟုန်ပြင်းပြင်းတောက်နေသည်။သိပ္ပံဆောင်မှကောင်မလေးတစ်ယောက်ကို ဝိဇ္ဇာဘက်မှကျောင်းသားတစ်ယောက်က စာလိုက်ပေးသည်။ကောင်မလေးကငြင်းတော့ အတင်းကာရောလုပ်မိသည်ဟုဆိုသည်။ထိုအခါ တစ်ခြားကျောင်းသားများကပါ ဝင်ပါလာပြီးကိုယ့်ဌာနကို ကာကွယ်ရင်းက ဌာနချင်းဖြစ်သော ပြဿနာဖြစ်လာသည်။
" မိန်းကလေးတွေကလဲ ငြင်းရင်ယတိ
ပြတ်ငြင်း၊ယောင်္ကျားလေးတွေကလဲ လူကြီးလူကောင်းဆန်ကြပါ ဒါပဲပြောချင်တယ် "ဒေါ်မြထွေးယဉ်၏အသံကပြတ်
သည်။အကုန်လုံးက ခေါင်းတွေငုံ့နေကြသည်။ပြောလို့ပြီးနောက် အင်ကြင်းမေဘက် လှည့်ကြည့်လာသည်။အင်ကြင်းမေက နှုတ်ခမ်းစူပြလိုက်တော့ ပြုံးယောင်သမ်းသွားသည်။ယခုလေးတင် မာန်အပြည့်နဲ့ ဆူနေသူက ချက်ချင်းပြုံးသွားလေတော့ ကျောင်းသားကျောင်းသူများက တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ကြသည်။အင်ကြင်းမေကြောင့်ရယ်တော့ မည်သူမှမသိ။
ခင်မေကြည်က အင်ကြင်းမေကို
တလှည့်၊ဒေါ်မြထွေးယဉ်ကိုတစ်လှည့် ကြည့်နေသည်။" နေ့ လည် ကျ ရင် ထ မင်း လာ စား မယ် "
အင်ကြင်းမေက အသံမထွက်ပဲ နှုတ်ခမ်းလှုပ်ရုံသာလှုပ်၍ တစ်လုံးချင်းစီ ပြောသည်။ဒေါ်မြထွေးယဉ်က ပြုံး၍ခေါင်းငြိမ့်ပြကာ "လာခဲ့ စောင့်နေမယ် " ဟု နှုတ်ခမ်းလှုပ်ကာ ပြန်
ပြောသည်။
KAMU SEDANG MEMBACA
တည်စေသော်.. {Complete}