အခန်း ၁၁ [ZG]

806 24 0
                                    


   တမာပင်အောက်မှာ တွေ့ရပြီးထဲက ဒေါ်မြထွေးယဉ်နဲ့ မျက်နှာချင်းမဆိုင်ရ။သူလည်း သူ့တာဝန်နဲ့သူ။အင်ကြင်းမေသည်လည်း စာမေးပွဲနှင့်။တင်ထွေးရီတို့နဲ့တောင် စကားသေချာမပြောဖြစ်။

နှစ်ပတ်ဟူသော အချိန်သည် ပင်ကိုယ်အားဖြင့် ဘာမှကြာလိမ့်မည်မဟုတ်။သို့သော် အင်ကြင်းမေတို့လို မြန်မြန်ကုန်ဆုံးစေချင်သူများအဖို့တော့ နှစ်ပတ်ဆိုတဲ့အချိန်အခါဟာ နှစ်နှစ်လောက်တောင် ကြာလှတယ်လို့ ခံစားမိသူချည်းပါပဲ။

" မေ "

အသံရှိရာသို့ ကြည့်လိုက်သည်နှင့် တည်ငြိမ်စွာ ရပ်စောင့်နေသော ကျော်အောင့်ကို အခန့်သား တွေ့လိုက်ရသည်။အရင်ကထက် ပို၍ တည်ငြိမ်လာသည်ကိုတော့ အမြင်နှင့်ပင် သိနိုင်သည်။

အင်ကြင်းမေက သူ့ကို ကျော်ကာ ဦးတည်ရာသို့ဆက်သွားလိုက်သည်။
သူ လက်ဖမ်းဆွဲလျှင်လည်း တုန့်ပြန်ရန်အသင့်ပြင်ထားလိုက်သည်။သို့သော် ကျော်အောင်က အရင်လို လက်လွတ်စပယ် မလုပ်။ အင်ကြင်းမေဘေးနားမှ အလိုက်သင့်လေး လိုက်လာသည်။

" မတွေ့ရတာတောင် ကြာပြီနော် မေ "

" ဘာကိစ္စရှိလို့လဲ "

" ကိုယ်ပြောစရာလေးရှိလို့ ဟိုးကုက္ကိုလ်ပင်အောက်မှာ ထိုင်ရအောင်လေ "

ကျော်အောင် လက်ညိုးထိုးပြရာသို့ လှမ်းကြည့်လိုက်သည်။လူသိပ်မရှိ။ လူရှင်းသည်မို့ ကျော်အောင့်ဆန္ဒကို လက်ခံလိုက်သည်။

အင်ကြင်းမေက ထိုင်ခုံပေါ်တွင်ထိုင်
လျှက်။ ကျော်အောင်ကတော့ ပင်စည်ကို လက်တင်ကာ ရပ်နေသည်။

" ပြောလေ ကျော်အောင် "

" စာမေးပွဲအတွက်အလုပ်သိပ်များနေလား "

" ဒီလိုပါပဲ။ကျော်အောင်ကတော့ အားနေတယ်ထင်တယ် "

စကားအကောင်းပြောမည်ကြံသော်လည်းနဂိုစိတ်ရင်းက သူ့အပေါ် အမြင်ကပ်ရင်းစွဲရှိသည်မို့ ဘယ်လောက်ပင် စိတ်ကောင်းဝင်နေပါစေ နှုတ်ကတော့ထေ့မိသေးသည်။

" အားနေတယ်တော့မဟုတ်ပါဘူး။ကိုယ်လဲ စာကြိုးစားနေပါတယ်။မေတို့မိန်းကလေးတွေကမှ အားတက်သရောကြိုးစားစရာ မလိုပါဘူးလေ "

တည်စေသော်.. {Complete}Where stories live. Discover now