အခန်း ၂ [ZG]

1.4K 29 2
                                    

မန္တလေးတက္ကသိုလ် ပင်မအဆောက်အဦးရှေ့က ခုံတန်းလေးပေါ်မှာ လေးယောက်သားစုထိုင်ကာ ရှေ့မှဖြတ်သွားသော ကျောင်းသား၊ကျောင်းသူများကို အဓိပ္ပါယ်မဲ့ငေးကြည့်နေမိသည်။

တစ်ချို့ကျောင်းသား၊ကျောင်းသူအတွဲများက ကုက္ကိုရိပ်၊တမာရိပ်အောက်က ခုံတန်းများတွင်ထိုင်ကာ ချစ်စကားများဆိုနေကြသည်။တစ်ချို့က စက်ဘီးကိုယ်စီစီးကာကျောင်းဝန်းအနှံ့ပတ်နေကြသည်။ တစ်ချို့ကျတော့ မိမိတို့လိုပင် အုပ်စုလိုက်ထိုင်ကာ ငေးသူကငေး၊ စကားဖောင်ဖွဲ့သူကဖွဲ့နှင့် အသီးသီးရှိနေကြသည်။

ခုမှကျောင်းဖွင့်တယ် သူတို့ကရည်းစားကိုယ်စီနဲ့ဖြစ်နေပြီလား

တင်ထွေးရီက အတွဲများကိုကြည့်ကာ ခေါင်းတခါခါနဲ့ပြောသည်။

လူတကာကိုလိုက်ကြည့်ပြီးပြောမနေနဲ့။သူတို့ကနင့်လိုမှမဟုတ်တာ

တင်ထွေးရီပါးစပ်ဟလျှင် အငြိမ်မနေနိုင်သော နွဲ့အေးက ပြန်ပက်သည်။

ငါကဘာဖြစ်နေလို့လဲ

ဘာဖြစ်ရမှာလဲ။ နင်ကမဲသဲပြီး ကြိုက်မယ့်သူမရှိတာလေ

နင်ကရောဘာထူးလဲ။ အရပ်က ကလန်
ကလားနဲ့ နင့်အရပ်ကိုမှီမယ့်ယောင်္ကျားလေးမရှိလို့ အပျိုကြီးဖြစ်မယ့်မိန်းမကများ

သူတို့နှစ်ယောက်အားကြည့်ကား အင်ကြင်းမေရီမောလိုက်သည်။

မေ။ နင်စာအုပ်ဖိုးသွင်းပြီးပြီလား

ပြီးပြီအကြည်ရဲ့။ ကျောင်းလခလဲသွင်းပြီးပြီ။ အခန်းလဲရှာပြီးပြီ တို့လေးယောက်လုံးတူတူပဲနော်

ဟုတ်တယ် ငါကအင်ကြင်းမေနဲ့မခွဲနိုင်လို့။ တို့သူငယ်ချင်းတစ်စု အတူတူနေရအောင်ဆိုပြီး အင်ကြင်းမေယူတဲ့မေဂျာပဲလိုက်ယူတာ

တင်ထွေးရီက ပြုံးပြုံးပြုံးပြုံးနဲ့ပြောပြနေသည်။ သူငယ်ချင်းများက ထိုကဲ့သို့ချစ်စရာကောင်းလှသည်။ စကားများလိုက်၊အနိုင်ယူလိုက်၊ စနောက်ကြလိုက်နဲ့ ပျော်ရွှင်စရာလဲကောင်း၊ ချစ်စရာလဲကောင်းလှသည်။ တစ်သက်လုံး ဒီလိုနေသွားရရင်လဲကောင်းမှာဟုတွေးမိပြန်တော့ မဖြစ်နိုင်မှန်းဦးနှောက်ကအလိုလိုသိကာ ဝမ်းနည်းမိပြန်သည်။

တည်စေသော်.. {Complete}Tempat cerita menjadi hidup. Temukan sekarang