အခန်း ၁၄

2.9K 289 14
                                    

  ဘဝ၊လူသားတစ်ဦးရဲ့ဖြစ်တည်မှု။ဘဝဟာဘယ်တော့မှမလွယ်ကူဘူး ဒါမယ့် ဘဝကိုချစ်ဖို့ စတင်ခြင်းနဲ့အတူတူ တစ်စုံတစ်ယောက်ဟာလည်း ကပ်ပါလာခဲ့ပြီ။

အချစ်ဆိုတာ ငယ်ရွယ်စဉ်မှာပဲ ဆော့ကစားလို့ကောင်းတဲ့အရာဟု ထင်မှတ်ခဲ့သည်။သို့သော် ခုတော့ ဒေါ်မြထွေးယဉ်၏ လက်ဖဝါးထဲ၌ အင်ကြင်းမေ၏ လက်ဖဝါးနုနုလေးက နေရာယူထားသည်။

ကျေနပ်စရာကောင်းလိုက်တာ။ခုနေများကျွန်မအဖေကိုသတ်ခဲ့တဲ့လူရဲ့သမီးမို့ လက်စားချေတာပါဆိုလျှင်တောင် အပြစ်ဆိုဖို့ စိတ်ကူး မြူမှုန်မျှမရှိပါ။

သူမကလေးအနိုင်ရသွားခြင်းအပေါ် ကူ၍ဝမ်းသာပေးမည်။မိမိကတော့ ဘာဖြစ်ဖြစ်ပေါ့။သူမကလေး ဒေါ်မြထွေးယဉ်၏စိတ်အစဉ်ကို စိုးမိုးလာထဲက မြထွေးယဉ်ဆိုတာ အင်ကြင်းမေအတွက်သာဖြစ်တော့သည်။

" လူတွေထွက်လာပြီ "

အပြောနဲ့အတူတူ လက်ပါလွှတ်ချလိုက်သည်။ပြီးနောက် ပခုံးချင်းထိကပ်နေသော အနေအထားမှ ခပ်ခွာခွာထိုင်လိုက်သည်။

အင်ကြင်းမေကတော့ ထင်ချင်ထင်လိမ့်မည်။မိမိ၏ ဂုဏ်သိက္ခာအတွက်လို့။

" ဖြစ်နိုင်ရင်လေ ခဏခဏမတွေ့ပဲနေကြမလား "

" ဆရာမကလဲ "

" တမင်ရှောင်ခိုင်းတာမဟုတ်ဘူးလေကွယ်။စာသင်ချိန်လဲတွေ့ရသားပဲ။
သူ့အဆောင် ကိုယ့်အဆောင် ခဏခဏကူးနေရင်လဲ ကြာရင်တစ်မျိုးမြင်လာနိုင်တယ်။နော် သမီးမေကလိမ်မာပါတယ်ကွာ "

ထိုအချိန်မှစ၍ မျက်လုံးဖြင့်စကားပြောရုံမှလွဲ၍ ချစ်သူနှစ်ဦး ချိန်းတွေ့ပါသည်ဟု ရည်ညွှန်းနိုင်သော အနေအထားများ ပျောက်ကွယ်ကုန်လေသည်။

ဖြစ်နိုင်လျှင်တော့ နှစ်ယောက်အတူတူ ရှိနေချင်သည်မို့။စကားမျိုးစုံပြောချင်သည်ပေါ့။ဘယ်တတ်နိုင်မလဲ။သို့သော်အင်ကြင်းမေစိတ်မပျက်ပါ။ တစ်ချိန် သေချာပေါက် လိုချင်သောအနေအထားသို့ ရောက်လာလိမ့်မည်ဟု ယုံကြည်သည်။

သို့သော် ဖြစ်ချင်တိုင်းဖြစ်ခွင့်မရှိသော အနေအထားများထဲတွင် ချစ်ရေးချစ်ရာသည်လည်း လူတစ်ယောက်အတွက် အရေးပါဆုံးအခန်းကဏ္ဍမှ ပါဝင်နေလေသည်။

တည်စေသော်.. {Complete}Where stories live. Discover now