အခန်း ၃ [ZG]

1.1K 32 2
                                    

  မြတမာဆောင်မှကျောင်းသူများအားလုံးစုဝေးကာ လက်ဖက်သုပ်စားရင်း ဟိုစကားစပ်စပ်၊ဒီစကားစပ်စပ်ဖြင့် တွတ်ထိုးနေကြသည်။

အချစ်ဆိုတာ ငရုပ်သီးလိုပဲ။ စပ်မှန်းသိပေမယ့်စားချင်တာမျိုးဟ

တင်ထွေးရီကအချစ်အကြောင်းကို ထိုသို့အဓိပ္ပါယ်ဖွင့်သည်။ ထိုစကားဝိုင်းတွင် အင်ကြင်းမေ မပါဝင်ခဲ့၊ပါဝင်ပြောစရာစကားလဲမရှိ။ လက်ဖက်သုပ်ပန်းကန်ကိုသာ အာရုံစူးစိုက်ကာ တစ်ဇွန်းပြီးတစ်ဇွန်းခပ်စားလိုက်သည်။

အင်ကြင်းမေ ဇွန်းကိုချပြီး နင်လဲဝင်ပြောလေဟာ

ငါကဘာပြောရမှာလဲ

နင်စာအုပ်တွေများကြီးဖတ်ထားတယ်လေ။အဲ့ထဲကအသိတွေပြောပြ

စာအုပ်ထဲမှာငါ့အသိပါရအောင်စာအုပ်ကငါ့အမေမှမဟုတ်ပဲ

ကျောင်းသူအကုန်လုံးက တဟားဟားဝိုင်းရယ်သည်။တင်ထွေးရီက မျက်နှာကြီးစူပုပ်ကာ

နင်ဖတ်နေတဲ့စာအုပ်တွေထဲမှာပါတဲ့အချစ်အကြောင်းကိုပြောတာ

တော်စမ်းပါဟာ။ အရေးမပါတာတွေ

အင်ကြင်းမေ စကားပိတ်လိုက်တော့တင်ထွေးရီကဆက်မပြောရဲတော့။ တစ်ခေါက်ကိစ္စထဲက သူ့ကိုမကြည်တာ တင်ထွေးရီကရိပ်မိပြီး
သိပ်မစရဲပေ။

အထက်မြန်မာပြည် ဒေသကောလိပ်ပေါင်းစုံကကျောင်းသား၊ကျောင်းသူတွေ တစ်စုတစ်စည်းထဲ မန္တလေးပင်မတက္ကသိုလ်သို့လာရောက်စုံစည်းကြသည့်အတွက်ကြောင့် လူမျိုးစုံ၊ ဘဝမျိုးစုံ၊ အတွေးအခေါ်မျိုးစုံ ရှိကြလိမ့်မည်။

တင်ထွေးရီလို ပြောချင်သမျှကို ရှေ့နောက်မကြည့်ပဲပြော၊ အဆောင်တကာကူးကာ စကားဖောင်ဖွဲ့ရင်းဖြင့် ကျောင်းသားဘဝကိုဖြတ်သန်းသူများလဲရှိကြမည်။

ပညာရှာရင်းကြင်ယာပါရှာရမည်ဟူသော ဆောင်ပုဒ်ကို နှလုံးသွင်းကာ အချစ်ဒဿနထိုင်ဖွင့်ရင်း ပျော်ရွှင်နေကြသူများလဲရှိသည်။

ဘွဲ့ရမှ အလုပ်ကောင်းကောင်းရပြီး အိမ်ကိုပြန်ကြည့်နိုင်မည်ဟု ခဲထားသောသူများကလည်း စာအုပ်နဲ့မျက်နှာမခွာပဲ ရင်မှမွေးသောသားလိုတစ်ချိန်လုံးတကြည့်ကြည့်လုပ်နေတတ်သည်။

တည်စေသော်.. {Complete}Where stories live. Discover now