အမှာစာ/အမွာစာ

11.2K 325 20
                                    

   တတိယမြောက် fictionနဲ့ ပြန်လာပါပြီ။
ဒီficကို ရေးဖို့အတွက်တော့ လွန်ခဲ့တဲ့တစ်လလောက်ထဲက အများကြီးအချိန်ယူတွေးရပါတယ်။ ရေးချင်တဲ့ဇာတ်ကသက်သက်ရှိပြီးသားကိုမှ ‌စာအုပ်ဖတ်မိပြီး မန္တလေးတက္ကသိုလ်နောက်ခံထားပြီးရေးချင်စိတ်ကလဲ အရမ်းဖြစ်နေတာမို့ ဇာတ်နှစ်ခုကိုပေါင်းပြီးရေးသင့်၊မရေးသင့် အချိန်ယူစဉ်းစားလိုက်ရပါတယ်။ ရေးမယ်လို့ဆုံးဖြတ်ပြီးတော့လဲ ဇာတ်အိမ်တစ်ခုထဲဖြစ်လာဖို့ အများကြီး တွေးရပြန်ပါတယ်။ တစ်ကယ်ပင်ပန်းတာပါ။ တစ်ကြောင်းရေးပြီးနားလိုက်နဲ့၊ ကြားထဲ စိတ်ကလေပြီး ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိတာကလဲ တစ်ကြောင်းမို့ တော်တော်ခက်ခဲပါတယ်။ ဒါမယ့် ကြိုးစားပြီးရေးပေးသွားမှာပါ။ ဖတ်ပြီးဝေဖန်ဖို့က readersတို့တာဝန်ပါပဲ။ 1980ခုနှစ်ကိုအချိန်တည်ပြီး မန္တလေးတက္ကသိုလ်ကိုနောက်ခံထားထားပါတယ်။ တစ်ကယ်ရှိတဲ့အရာမို့ မှားမှာအရမ်းစိုးပါတယ်။ ဖတ်ပြီးလို့ ကိုယ်သိတာနဲ့မတူ၊ မှားနေတာရှိရင်ပြောပါ အားမနာပါနဲ့ ချက်ချင်းပြင်ဆင်ပေးပါ့မယ်။ လိုချင်တဲ့အချက်အလက်တွေကို ဆရာမခင်ခင်ထူးရဲ့ပန်းကြာဝတ်မှုန်၊ ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့နွယ်ဦးမွန်မို့ချစ်ထွဋ်တင်သည်၊ ဆရာမြသန်းတင့်ရဲ့ လွမ်းမောခဲ့ရသော တက္ကသိုလ်နွေညများ စာအုပ်တွေကိုအထပ်ထပ်ဖတ်ပြီး အချက်အလက်တွေဆွဲနှုတ်ရပါတယ်။
အဓိကကတော့ ဆရာမခင်ခင်ထူးရဲ့ ပန်းကြာဝတ်မှုန်ဖတ်ပြီး ကိုယ်တိုင်ဖန်တီးကြည့်ချင်တာပါ။ကျန်တာကတော့ တွေ့သမျှမန္တလေးအကြောင်းကို လိုက်ဖတ်တာမို့ ရေးရတာအရမ်းလက်ဝင်ပြီး စိတ်ဖိစီးရပါတယ်။
တူနေတာများရှိရင်တစ်ကယ်တောင်းပန်ပါတယ်။ အပြင်မှာတည်ရှိနေတဲ့အရာတွေဖြစ်ပြီး ဒီထဲကပဲ ရွေးရတာမို့ တူတာတွေရှိမှာပါ။ ပြောရင်လဲစိတ်မဆိုးတော့ပါဘူး စိတ်လက်မာန်ပါလဲ မunတော့ပါဘူး။လုပ်မိရင် ခေါင်းခေါက်ခံရမှာကြောက်လို့ပါ။ အားလုံးပဲဖတ်ကြည့်ပြီး ဝေဖန်ပေးကြပါဦး။

                  +++++++++++++

တတိယေျမာက္ fictionနဲ႕ ျပန္လာပါၿပီ။
ဒီficကို ေရးဖို႔အတြက္ေတာ့ လြန္ခဲ့တဲ့တစ္လေလာက္ထဲက အမ်ားႀကီးအခ်ိန္ယူေတြးရပါတယ္။ ေရးခ်င္တဲ့ဇာတ္ကသက္သက္ရွိၿပီးသားကိုမွ စာအုပ္ဖတ္မိၿပီး မႏၱေလးတကၠသိုလ္ေနာက္ခံထားၿပီးေရးခ်င္စိတ္ကလဲ အရမ္းျဖစ္ေနတာမို႔ ဇာတ္ႏွစ္ခုကိုေပါင္းၿပီးေရးသင့္၊မေရးသင့္ အခ်ိန္ယူစဥ္းစားလိုက္ရပါတယ္။ ေရးမယ္လို႔ဆုံးျဖတ္ၿပီးေတာ့လဲ ဇာတ္အိမ္တစ္ခုထဲျဖစ္လာဖို႔ အမ်ားႀကီး ေတြးရျပန္ပါတယ္။ တစ္ကယ္ပင္ပန္းတာပါ။ တစ္ေၾကာင္းေရးၿပီးနားလိုက္နဲ႕၊ ၾကားထဲ စိတ္ကေလၿပီး ဘာမွလုပ္ခ်င္ကိုင္ခ်င္စိတ္မရွိတာကလဲ တစ္ေၾကာင္းမို႔ ေတာ္ေတာ္ခက္ခဲပါတယ္။ ဒါမယ့္ ႀကိဳးစားၿပီးေရးေပးသြားမွာပါ။ ဖတ္ၿပီးေဝဖန္ဖို႔က readersတို႔တာဝန္ပါပဲ။ 1980ခုႏွစ္ကိုအခ်ိန္တည္ၿပီး မႏၱေလးတကၠသိုလ္ကိုေနာက္ခံထားထားပါတယ္။ တစ္ကယ္ရွိတဲ့အရာမို႔ မွားမွာအရမ္းစိုးပါတယ္။ ဖတ္ၿပီးလို႔ ကိုယ္သိတာနဲ႕မတူ၊ မွားေနတာရွိရင္ေျပာပါ အားမနာပါနဲ႕ ခ်က္ခ်င္းျပင္ဆင္ေပးပါ့မယ္။ လိုခ်င္တဲ့အခ်က္အလက္ေတြကို ဆရာမခင္ခင္ထူးရဲ႕ပန္းၾကာဝတ္မႈန္၊ ဆရာတကၠသိုလ္ဘုန္းနိုင္ရဲ႕ႏြယ္ဦးမြန္မို႔ခ်စ္ထြဋ္တင္သည္၊ ဆရာျမသန္းတင့္ရဲ႕ လြမ္းေမာခဲ့ရေသာ တကၠသိုလ္ႏြေညမ်ား စာအုပ္ေတြကိုအထပ္ထပ္ဖတ္ၿပီး အခ်က္အလက္ေတြဆြဲႏႈတ္ရပါတယ္။
အဓိကကေတာ့ ဆရာမခင္ခင္ထူးရဲ႕ ပန္းၾကာဝတ္မႈန္ဖတ္ၿပီး ကိုယ္တိုင္ဖန္တီးၾကည့္ခ်င္တာပါ။က်န္တာကေတာ့ ေတြ႕သမွ်မႏၱေလးအေၾကာင္းကို လိုက္ဖတ္တာမို႔ ေရးရတာအရမ္းလက္ဝင္ၿပီး စိတ္ဖိစီးရပါတယ္။
တူေနတာမ်ားရွိရင္တစ္ကယ္ေတာင္းပန္ပါတယ္။ အျပင္မွာတည္ရွိေနတဲ့အရာေတြျဖစ္ၿပီး ဒီထဲကပဲ ေ႐ြးရတာမို႔ တူတာေတြရွိမွာပါ။ ေျပာရင္လဲစိတ္မဆိုးေတာ့ပါဘူး စိတ္လက္မာန္ပါလဲ မunေတာ့ပါဘူး။လုပ္မိရင္ ေခါင္းေခါက္ခံရမွာေၾကာက္လို႔ပါ။ အားလုံးပဲဖတ္ၾကည့္ၿပီး ေဝဖန္ေပးၾကပါဦး။

                      +++++++++++++

တည်စေသော်.. {Complete}Where stories live. Discover now