မှားယွင်းသောဖြစ်တည်မှု (၅)

31 1 0
                                    

အချစ်နဲ့ပတ်သတ်ရင် ၁၆နှစ်သား ကျွန်တော်က မြှီးကောင်ပေါက် ပေမယ့် ကျွန်တော့်ထက် တစ်နှစ်နီးပါးကြီးတဲ့ ယင်းကတော့ အသက်အရွယ်နဲ့မလိုက်စွာ အတွေ့အကြုံတွေရှိတဲ့ ကောင်မလေးတစ်ယောက်ပင်။

ဒီလောက်အရွယ်နဲ့ ရည်းစားတွေခြောက်ယောက်ထက်မနည်းထားဖူးတဲ့ သူမက လူတစ်ယောက်ကို ရင်ခုန်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကို အတိအကျသိပုံပေါ်သည်။ သူမရဲ့ မာယာတွေကို မကျဆုံးပဲတောင့်ခံနိုင်တဲ့ထဲ ကျွန်တော်မပါပါ။ သူမဆီ အကြိမ်ကြိမ် ကျရှုံးနေမိသည်။

"ငါအရမ်းချောနေတယ်"

မာန်နဲ့ ကျွန်တော့်ဘေးမှာ ထိုင်နေတဲ့ကောင်တွေကို ကျွန်တော် စနောက်ပြီး ပြောလိုက်တဲ့စကားကို

"နင်လားချောတာ လျှောက်ပြော"

လို့သူမက ရုတ်တရက်ရောက်လာပြီး ၀င်ပြောတဲ့အခါ ကျွန်တော့်စနောက်ခြင်းက အရာမရောက်တော့သလိုပဲ။ သူမကလဲ ဒီတိုင်း ၀င် နှောက်ခြင်းဖြစ်လိမ့်မည်။ သို့သော် ကျွန်တော်ကတော့ မျက်နှာကို ရေနွေးပူနဲ့အပတ်ခံလိုက်ရသလို ပူကျစ်သွားရသည်။

"အေးပါ နင်ကအရမ်းချောနေတော့ ပြောအားရှိတာပေါ့ နှိမ်ပေါ့ဟာ"

ကျွန်တော့်ရှက်ရွံ့နေခြင်းအပေါ်လူမသိစေချင်သောငှာ သူမကို ပြန်စကားနိုင်ပြန်လုလိုက်ရသည်။ မာန်ကတော့ ကျွန်တော်နဲ့ယင်း စကားနိုင်လုတိုင်း အမြဲဘေးကပွဲကြည့်ပရိသတ်လုပ်သည်။

ထိုစဉ် သူမက ရုတ်တရက်ကြီး ကျွန်တော့် မျက်နှာရှေ့ကို ခါးငိုက်ကာ သူ့မျက်နှာကို ငုံ့ချလိုက်ပြီး ကျွန်တော့်ကို‌တည့်တည့်ကြည့်လိုက်ရင်း

"စတာပါ ချောပါတယ် ချစ်စရာလေးပါ အခုကစပြီး ချစ်စရာလေးလို့ပဲ‌ခေါ်တော့မယ်"

ရင်ထဲ သိမ့်ခနဲနွေးသွားရင်း သူမနှာဖူးလေးကို ကျွန်တော့်လက်နဲ့ အသာလေးတွန်းကာ သူမကိုနောက်ပြန်ပို့လိုက်သည်။

သူမရဲ့ပါးတွေက ကျွန်တော့်ကို လာနမ်းပါလို့ ဖိတ်ခေါ်နေသလိုပဲ။ ကျွန်တော်ချက်ချင်းထလိုက်ရင်း သူမကိုထားခဲ့ကာ တစ်ခြားကောင်တွေအုပ်စုကြားထဲ၀င်ပြီး ဘောလုံးပွဲအကြောင်းပြောနေသည်ကို အာရုံတစ်စက်မှမပါပဲ ၀င်ယောင်နေမိသည်။

'သူပိုင်ဆိုင်သော ကျွန်တော့်ဘဝ၏ တစ်စိတ်တစ်ပိုင်း'Where stories live. Discover now