မှားယွင်းသော ဖြစ်တည်မှု (၁၁)

18 1 0
                                    

သ၀န်တိုခြင်း စိတ်ပူပန်ခြင်း စိတ်ရှုပ်ခြင်း

အဖြစ်အပျက်တွေအကုန်လုံးကို ကျွန်တော့်တုန်းက ခံ‌နိုင်‌ရည်ရှိခဲ့ပေမယ့် ယင်းကတော့ ခံနိုင်ရှိပုံမပေါ်။

အရင်ကတည်းက သူမသာ တခြားယောက်ျားလေးတွေနဲ့စကားပြောမယ် ကျွန်တော့်ကိုတော့ ဘယ်မိန်းကလေးနဲ့မှ စိတ်မချတတ်တဲ့ ယင်းက ထိုကောင်မလေးအကြောင်းကြားပြီးတဲ့အခါ ပိုပြီး သံသရတွေများလာသည်။

ခတ္တာနဲ့ နှင်းအိမ့်နဲ့တောင် ကျွန်တော့်ကိုစကားပေးမပြောတော့။ စကားတစ်ခွန်းလောက်ပြောမိရင်ကို

"လွန်း နင်ငါ့ကိုစိတ်ဆင်းရဲအောင်ပဲလုပ်နေတော့မှာလား"

ဟုဆိုကာ ဒေါသတကြီးပြောတတ်သည်။ ဘယ်လိုရှင်းပြရှင်းပြ နားမထောင်ကာ ချော့ရင်လဲ လက်မခံ။

ခတ္တာတို့က နားလည်ပေးတာကြောင့် ကျွန်တော့်မှာ ကျောင်းရောက်ရင် မာန်နဲ့သာ စကားပြောလို့ရသည်။ သူမစိတ်ဆိုးရင် ကျွန်တော်တကယ်မနေတတ်တာကြောင့် အတတ်နိုင်ဆုံးသူ့အလိုကိုလိုက်ရသည်။

"နင်လဲဟိုကောင်တွေနဲ့စကားမပြောနဲ့တော့ ငါမကြိုက်ဘူး"

"သူတို့ကသူငယ်ချင်းတွေလေ"

"ခတ္တာတို့ကလဲသူငယ်ချင်းပဲလေ"

"ခတ္တာရုံက နင့်ကိုကြိုက်ခဲ့တဲ့လူလေ ...အခုဟိုအခန်းက ကောင်မပါ ပါလာပြီ ... နင့်ကောင်မတွေကစိတ်ချရလို့လား"

ယုံကြည်မှုဆိုတာ သူမ ကျွန်တော့်ကိုဘယ်တုန်းကမှ မပေးခဲ့တဲ့အရာ။

သူမရဲ့ ယုံကြည်မှုက ကျွန်တော်နဲ့မထိုက်တန်လောက်အောင် ကျွန်တော်ဘာတွေမှားခဲ့လေသလဲ။

သူမကိုယောက်ျားလေးတွေအများကြီးနဲ့ အမြဲအရောတ၀င်မနေဖို့ ကျွန်တော်ပြောမိတဲ့အဲ့နေ့က ပြသနာအကြီးအကျယ်တက်ရသည်။

အမှန်တော့အဲ့နေ့ကမှမဟုတ်ပါ။ နေ့တိုင်းတစ်ခုမဟုတ်တစ်ခုနဲ့ ကတောက်ကစဖြစ်ရမြဲ။ ကျွန်တော်အမြဲချော့ရသလောက် သူမကစိတ်ပြေချင်မှပြေသည်။

စိတ်တွေမငြိမ် အာရုံတွေများနဲ့ လပတ်စာမေးပွဲမှာ ကျွန်တော် တစ်ဘာသာ ထိသွားတဲ့အခါ စိတ်ဓာတ်ကမြေကြီးထဲရောက်သွားလောက်အောင် ကုန်းကောက်စရာမရှိဖြစ်ခဲ့သည်။ စာမေးပွဲကြီးကိုတွေးကာ လန့်လာသည်။

'သူပိုင်ဆိုင်သော ကျွန်တော့်ဘဝ၏ တစ်စိတ်တစ်ပိုင်း'Where stories live. Discover now